ပါးပြင်ပေါ်က မျက်ရည်တွေဟာ

190 33 1
                                    



Brainက Swedinကို ခရီးသွားရမယ်ဟု ဆိုကာ Noahကို ပြောပြလာပြီး Noahရဲ့ အဝတ်တွေကိုလဲ အဆင်သင့်ဖြစ်အောင် ထည့်ပေးနေသည်။။

ခရီး?Swedinကို? ဘာလို့လဲ..။
ဖွားဖွားကရော သိရဲ့လား။
Noahရဲ့မျက်နှာပေါ်တွင် စိုးရိမ်မှုတစ်ချို့ ဖြတ်ပြေးသွားတာကို Brainက မြင်တဲ့အခါNoahရဲ့ ရှည်စပြုနေပြီဖြစ်တဲ့ ရှေ့ဆံပင်တွေကို လက်နဲ့အသာအယာဖယ်ရှားပေးလိုက်သည်။

"ကိုယ် မင်းဖွားဖွားကို ပြောပြီးပြီNoahရဲ့..ဖွားဖွားက ခရီးသွားဖို့ ခွင့်ပြုတယ်..ကိုယ်လဲ ပါတာပဲလေ.."

"ဖွားဖွားကို ဘယ်လိုပြောပြီး ခွင့်တောင်းလိုက်တာလဲ..ထူးဆန်းလိုက်တာ"

Noahသည် အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ နဂိုလုံးဝန်းပြီးသား မျက်ဝန်းတွေက အခုအခါမှာ ပိုပြီး ဝိုင်းစက်လာကာ သမင်မျက်လုံးသဖွယ်။

Brainက သဘောတစ်ကျ ပြုံးလိုက်ပြီးမှ Noahရဲ့ လက်နှစ်ဖက်ကို အသာအယာ သူ့ဘက်က်ို ဆွဲယူလိုက်ကာ

"ဆရာဝန်က Noahကို ခရီးထွက် ကြည့်ပါလားလို့ အကြံပေးလိုက်တယ် လို့ ဖွားဖွားကို လိမ်ပြောလိုက်တာ.."

"ခ်ခ်..ဘာလဲ..ဆရာဝန်က အဲ့လိုပြောလိုက်တာမှမဟုတ်ပဲ "

Noahက သွားလေးတွေပေါ်ကာ ပုခုံးတွေပါ လှုပ်တဲ့အထိ တစ်သိမ့်သိမ့်ရယ်မောလိုက်တော့တယ်။

"ဒီလိုပဲ လိမ်ပြောရတာပေါ့Noahရဲ့! မင်းရဲ့ schedule ကလဲ သိပ်မှမရှိတော့တာကို၊ မင်း ခရီးထွက်ဖို့ သင့်ပြီ Noahရဲ့..ဟင် ကိုယ်ပြောတာ သဘောပေါက်တယ်မလား"

Noahသည် မတော်တဆဖြစ်ပြီးကတည်းက စိတ်ပြေလက်ပျောက် အနားယူရန် ခရီးတစ်ခါမှ မသွားရသေးပေ။ ဆရာဝန်က လူနာကို လေကောင်းလေသန့်ရပြီး အေးချမ်းမှုရှိတဲ့နေရာကို ခေါ်သွားပါလို့ အကြံပေးတာကိုတောင် ဖွားဖွားက မပြီးသတ်ရသေးတဲ့ Noahရဲ့အလုပ်တွေကို စိတ်ပူခဲ့တာ။

မျက်လုံးနှစ်ဖက်က အကန်းတစ်ယောက်နဲ့တောင် မခြားနားတဲ့အခြေနေမှာ Noahသည် စိတ်ဓာတ်တွေဟာ အပြိုအလဲပင်။ ဖွားဖွား၏ စေခိုင်းချက်တွေမှာ Noahသည် အိမ်ထဲတွင်သာ အကျယ်ချုပ်ကျနေသလို အတော်အသင့်အနားယူပြီးမှ Noahကို မော်ဒယ်အလုပ်ကို ဆက်လုပ်ခိုင်းသည်။

A Cock And Bull Story Where stories live. Discover now