အေးစက်တဲ့လေတွေကတောင်Noahရဲ့နှလုံးသားကို အေးစက်အောင်မလုပ်နိုင်ဘူး

208 34 0
                                    



ယနေ့ကား ဆေးရုံရက်ချိန်းအတွက် ဆေးရုံကို သွားရမည့်ရက်။ ဖွားဖွားက ခရီးလွန်နေတော့ Noahနဲ့ အတူတူ ဆေးရုံကို လိုက်ပေးန်ိုင်မည်မဟုတ်ပါ။

Shooting မှ အပြီး Brian က Noahကို ကားရှေ့ခန်းမှာ သေချာလေး ဂရုတစ်စိုက် ဝင်ထိုင်စေပြီးနောက် သူလဲ ကားမောင်းသူ ဘက်မှာ နေရာဝင်ယူလိုက်၏။

ကားရှေ့ခန်းမှာ ငြိမ်ငြိမ်လေးလိုက်ပါလာသော Noahသည် မနက်ကတည်းက shooting ကို မရပ်မနား ရိုက်ကူးနေရတဲ့အတွက် ပင်ပန်းနွမ်းနယ်လို့နေပြီ။

ဖွားဖွားရဲ့ခိုင်းစေချက်အရ H&Mနဲ့ Noahစာချုပ် ချုပ်ဖြစ်သွားသည်။  နဂိုလက်တွဲပြီးသား အခြား brandတွေလဲ ရှိနေသေးတာမို့  ဒီနေ့အတွက် ရိုက်စရာ shooting က နှစ်ခုဖြစ်သွားရတာကြောင့် Noahက အတော်လေး ချုံးချုံးကျလို့။

"Noah..တစ်ခုခုမစားချင်ဘူးလား"

"ဟင့်အင်း ပင်ပန်လို့လားမသိဘူး ဗိုက်တင်းနေသလိုပဲ..ပြီးတော့ shooting မှာလဲ စားလာသေးတာပဲကို"

"ဟားဟား..ပင်ပန်းရင် ဗိုက်ပိုဆာရမှာမဟုတ်ဘူးလား"

Brianက ရယ်သံနှောကာ ပြောတော့Noahကလဲ တိုးတိုးလေးရယ်၏။

"ဒါဆိုရင်လဲ ကျွန်တော်တို့ ဆေးရုံက အပြန် တစ်နေရာရာမှာ ဝယ်စားကြတာပေါ့"

"ကောင်းပြီ"

Brian မောင်းလာသော ကားသည် Brooklynတံတားကို စဖြတ်တော့မည် ဖြစ်၏။

Noahသည် ကားပြတင်းပေါက်ကို ခေါင်းလေးမှီကာ ကားစီးနေရင်းမှ  Brooklynတံတား၏အလယ်နား အရောက်တွင် ဝေဝါးနေသော မြင်ကွင်းထဲသို့ အပြင်ဘက်မှာ လူတစ်အုံးအုံးတစ်ရုန်းရုန်း ဖြစ်နေတဲ့ အစုအဝေး ပုံစံမျိုးဖြစ်နေသည်ကို ခံစားလိုက်ရသည်။

Noahသိချင်သွားတယ် အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲလို့လေ။

မြင်နေရပေမဲ့ ဘာလဲဆိုတာ သဲကွဲစွာ မမြင်ရတာ သိပ်ခက်သည်။

"Brian!!!အပြင်မှာ ဘာတွေဖြစ်နေတာလဲ"

Brianက Noah ငေးနေတဲ့ ဘက်ကို ခေါင်းစောင်းပြီး အပြင်ဘက်က လူအုပ်ကို ကြည့်ကာ

A Cock And Bull Story Where stories live. Discover now