Sue Me for Love (Winchestiel)

41 7 2
                                    

Zawgyi version က Unicode ရဲ့အောက်မှာ ရှိပါတယ်။

■■■

In another universe, Sam and Dean Winchester are in relationship with Castiel.

ဧည့်ခန်းမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း အငြိမ်မနေနိုင်ဖြစ်နေတဲ့ Castiel တစ်ယောက် လည်ချောင်းတွေခြောက်လာလို့ မီးဖိုခန်းထဲကရေခဲသေတ္တာဆီသွားပြီး ရေတစ်ဘူးဆွဲထုတ်သောက်နေတုန်း အိမ်ရှေ့မှာကားရပ်သံကြားတာကြောင့် အလျင်အမြန် တံခါးသွားဖွင့်ပေးလိုက်တယ်ဆိုရင်ပဲ

"အ၊ အ... ဖြည်းဖြည်းလုပ်ပါ။ အား... Dean!"

Dean က သူ့နားရွက်တစ်ဖက်ကိုဆွဲပြီးခေါ်လာလို့ Sam ခမျာ အရပ်ကလန်ကလားနဲ့ အိမ်ထဲကို ကိုးရိုးကားယားပါလာတယ်။ ဧည့်ခန်းထဲကိုရောက်တာနဲ့ ကောဇောအပွခင်းထားတဲ့နားမှာ Dean က Sam ရဲ့ဒူးခေါက်ခွက်ကို နောက်ကနေကန်လိုက်လို့ ဒူးတစ်ဖက်ထောက်ကျသွားတဲ့ Sam တစ်ယောက် မတ်တပ်ထရပ်ဖို့ပြင်ပေမဲ့လည်း Dean က လည်ကုပ်ကိုဖိချလိုက်လို့ ပြန်ထိုင်ကျသွားရတယ်။

"အား ဟား... Dean, ငါ ဒူးပြဲထားတယ်။"

"Shut up!"

Castiel က ညီအစ်ကိုနှစ်ယောက်နားကိုရောက်လာပြီး

"Dean ဘာဖြစ်တာလဲ။"

ပြောရင်းက ရှုံ့မဲ့မဲ့နဲ့ဒူးထောက်ထိုင်နေတဲ့ Sam ကိုကြည့်လိုက်တော့

"အိုး... လက်မောင်းဒဏ်ရာက နက်တယ်ထင်တယ်။ Dean လက်လွှတ်စမ်းပါ။ ဆေးအရင်ထည့်ရအောင်။"

သနားကမားရုပ်နဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြတဲ့ Sam ကို Dean က စူးစိုက်ကြည့်လိုက်တော့ Sam ငြိမ်ကျသွားပြန်တယ်။ လက်မောင်းကပြတ်ရှရာအပြင် နှုတ်ခမ်းဘယ်ဘက်ထောင့်နဲ့ လက်ဆစ်တွေလည်း ပေါက်ပြဲလို့။

"ထားလိုက်စမ်းပါ Cas ရာ၊ အသက်နဲ့ဝေးပါတယ်။ လူသတ်မှုတရားခံမဖြစ်တာပဲ ကံကောင်းနေပြီ။"

"ဟင်"

"ဟ"

Dean ရဲ့အပြောကို Castiel က အံ့အားတသင့်တုံ့ပြန်သလို Sam ကလည်း ချက်ချင်းဖြေရှင်းဖို့ပြင်တယ်။

"အဲဒါ ငါတမင်လုပ်တာမဟုတ်ဘူး။ သူ့ဘာသာအရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျတာလေ။ လူတော့ရိုက်တတ်ပြီး ဆယ့်နှစ်ပေလောက်ကပြုတ်ကျတာကိုကျ ဇောက်ထိုးမကျအောင်မနေတတ်တာ သူ့အမှားပဲ။ သေလည်းမသေပါဘူး။"

Destiel & SupernaturalWhere stories live. Discover now