Unicode version is at the end of Zawgyi.
■
"Dean Michael Winchester!!!"
ဝုန်းခနဲတံခါးဖွင့်သံနောက်မှ အေးစက်မာကြောသည့် အမည်ခေါ်သံတစ်ခုသည် အခန်းအတွင်းသို့ဝင်လာသည့်အမျိုးသားထံမှ ထွက်လာသည့်အခါ ခုတင်ထက်မှ အဝတ်မဲ့လုနီးပါးစုံတွဲမှာ စောင်ကိုဆွဲခြုံ၍ ထိတ်လန့်တကြားနှင့် အသံလာရာသို့ကြည့်လိုက်ကြသည်။ မျက်မှောင်ကြုတ်၍ကြည့်နေသူကို မြင်သည့်အခါ ခုတင်ထက်မှလူငယ်က
"Daddy"
ဤအဖြစ်အပျက်ကိုမြင်လိုက်ရသည့် စောင်အောက်မှအမျိုးသမီးငယ်သည် အခြေအနေကိုသဘောပေါက်သွားဟန်နှင့် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး
"ဒါဆို ရှင်တို့ဘာသာ ဆက်ရှင်းကြတော့နော်။ ကျွန်မ ရေချိုးခန်းကိုတော့ ခဏလေးသုံးလို့ရတယ်မဟုတ်လား။"
ခုတင်ခြေရင်းတွင်ရပ်နေသည့်အမျိုးသားက ခေါင်းညိတ်ပြသည့်အခါ အမျိုးသမီးငယ်သည် စောင်ကိုကိုယ်တွင်ပတ်၍ ခုတင်ဘေးကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသည့် သူ၏အဝတ်အစားတို့ကိုကောက်ယူကာ ရေချိုးခန်းရှိရာသို့ ဝင်သွားလေ၏။ စောင်ကိုဆွဲယူသွားသည်ဖြစ်၍ ကျန်ရစ်ခဲ့သူ Dean မှာ ဖရိုဖရဲအနေအထားနှင့်။
"ဆင်းခဲ့။ အဝတ်အစားတွေ ဝတ်စမ်း။"
ခုတင်ခြေရင်းမှ အမိန့်ပေးနေသူကြောင့် Dean ခုတင်ပေါ်မှဆင်းလိုက်ပြီး သူ၏အဝတ်အစားတို့ကို တစ်ထည်ချင်းစီကောက်ယူဝတ်နေစဉ် ရေချိုးခန်းအတွင်းသို့ဝင်သွားသည့် အမျိုးသမီးက ပြန်ထွက်လာပြီး သူ၏အိတ်ကိုယူကာ အခန်းအတွင်းမှထွက်သွားလေပြီ။ အဝတ်အစားအပြည့်အစုံဝတ်ပြီးသည့် Dean အား စူးစိုက်ကြည့်နေသူအမျိုးသားက
"ဘာကိုစောင့်နေတာလဲ။ သွားလေ။"
Dean ထိုအမျိုးသားရှေ့မှဖြတ်လျှောက်၍ အခန်းအပြင်သို့ထွက်သွားလေသည်။
■
လမ်းတစ်လျှောက်လုံးလည်း စကားမဆိုဖြစ်ကြဘဲ အိမ်သို့ရောက်သည်အထိ ငြိမ်သက်နေမိကြသူနှစ်ဦးမှာ ကားပေါ်မှဆင်းသည်အထိလည်း အသံတိတ်လျက်။ ရပ်စောင့်နေသူအမျိုးသားအနီးသို့ Dean ရောက်သွားသည်နှင့် လက်မောင်းမှဆွဲခေါ်ခံလိုက်ရပြီး အိပ်ခန်းထဲသို့ရောက်သည်အထိ ထိုအတိုင်းပါလာခဲ့လေသည်။ အခန်းတွင်းရောက်မှ လက်လွှတ်ပေးပြီးနောက်
أنت تقرأ
Destiel & Supernatural
خارق للطبيعةFacts, Fanfics and Fanships... all about Destiel and Supernatural . 4 stories translated & 4 stories updated ~~~~~~~~~~~~~~ Addiction to SPN ■ https://www.facebook.com/DestielFanPageMyanmar ■■■