Yes, I do. (Sam/Jack)

37 5 5
                                    

Zawgyi version က Unicode ရဲ႕ အဆံုးမွာပါ။

■■■

"အူးဝါး..."

"Oh my God!"

ရုတ်တရက်ကြားလိုက်ရတဲ့ ကလေးငိုသံကြောင့် အိမ်ဘေးဘက်မှာ အဝတ်လျှော်စက်ကြားညပ်နေတဲ့ ခြေအိတ်တစ်ဖက်ကို ကြိုးစားပမ်းစားဆွဲထုတ်နေတဲ့ Sam တစ်ယောက် လန့်သွားရတယ်။ ဘေးပတ်ဝန်းကျင်လှည့်ပတ်ကြည့်တော့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မမြင်ရ။

"အီး ဟီး..."

အသံက နောက်ဘက်နားကလာတာကြောင့် Sam အိမ်နောက်ဖေးဘက်ကိုအသွား

"အဲ..."

တစ်ဖက်ခြံနဲ့ခြားထားတဲ့ ပန်းချုံကြားကနေ လေးဘက်ထောက်လျက်သားလေး ကိုယ်တစ်ခြမ်းထွက်​နေတဲ့ ကလေးငယ်တစ်ယောက် အာပြဲလေးနဲ့အော်ငိုနေတာကို တွေ့လိုက်ရတယ်။

"Hi, baby! What's up?"

"အိ..."

Sam ရဲ့အသံကြောင့် နောက်တစ်ခွန်းထပ်ငိုမယ့်ကလေးငယ်က အသံလေးရပ်သွားပြီး Sam ဘက်ကိုလှည့်ကာ

"ထုတ်... ထုတ်... အူးဝါး..."

ပြောရင်းကနေ ပြန်ငိုလာတဲ့ကလေးလေးနားကို Sam သွားလိုက်ပြီး ထိုင်ချလိုက်တော့

"ထုတ်... အင့်... ထုတ်..."

ဘာကိုထုတ်ခိုင်းတယ်မသိလို့ သေချာကြည့်တော့မှ

"ဟောဗျာ"

Sam ခမျာ ငိုရခက်၊ ရယ်ရခက်။ ကလေးငယ်က သစ်ကိုင်းခွလေးကြားမှာ သူ့ဖင်လုံးလုံးလေးညပ်နေလို့ ရှေ့ဆက်လာမရတာနဲ့ ငိုနေပုံရလေရဲ့။ Sam အနီးကပ်ကြည့်တော့ ဒိုင်ပါလေးနဲ့ခံနေလို့ အသားတော့နာပုံမရ။ လှုပ်မရလို့သာ လန့်ပြီးငိုနေတဲ့ပုံ။

"Don't cry, baby. ထုတ်ပေးမယ်နော်။"

သစ်ကိုင်းနှစ်ခုကို လက်တစ်ဖက်နဲ့ကန့်လန့်ခြားလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ကလေးငယ်ရဲ့ခါးကိုအနည်းငယ်ပွေ့မလိုက်ပြီး သူ့ဘက်ကိုဆွဲယူလိုက်တယ်။ ပြီးတော့မှ ချီပွေ့လိုက်တော့ ကလေးငယ်က ရှိုက်လို့ကောင်းတုန်း။ နှစ်နှစ်အရွယ်ခန့်မို့ စကားတော့ကောင်းကောင်းနားလည်ပုံရလို့ Sam မေးကြည့်လိုက်တယ်။

Destiel & SupernaturalWhere stories live. Discover now