Chapter 1

2.2K 182 21
                                    

ရိ​​ပေါ်တစ်​​ယောက် သူ့သင်တန်းသားများကို မျက်​ခုံးခပ်တွန့်တွန့်ဖြင့်သာကြည့်​နေရင်း အခု ရက်သတ္တပတ်အတော်ကြာအောင် သူ သင်ပေးခဲ့သော ကကွက်ကို ထပ်ခါတလဲလဲ ​လေ့ကျင့်ခိုင်း​နေမိသည်။

"သူတို့ကကွက် မမှန်​သေးဘူးမလား?"

သူ့ရဲ့လက်​ထောက် လီကျစ်ရွှမ်းက ရိ​ပေါ်မျက်​ခုံးတွန့်ထားသည်အားကြည့်ရင်းအ​မေးရှိလာပါ၏။

“ဟင်?”

ရိ​ပေါ် ကသူ့ထက် အသက်နှစ်နှစ်လောက်ကြီးပေမယ့် အသက်ဆယ့်ငါး​နှစ်​လောက်သာထင်ရတဲ့ ခပ်သေးသေးကောင်မလေးကို မျက်လွှာတစ်ချက်ပင့်ကြည့်လိုက်ပါသည်။

"နင်မျက်​မှောင်တွန့်​​နေပုံအရဆိုသူတို့ကကွက်​တွေကို စိတ်တိုင်းမကျ​သေးတာသိသာတယ်​လေ။"

ကျစ်ရွှမ်းက မျက်လုံးကိုအသာလှိမ့်ပြရင်း​ပြောလာ​ပေသည်။

“အိုး, မဟုတ်ပါဘူး,”

ရိ​​ပေါ်က မျက်နှာအသာလွှဲကာ ​လည်​ချောင်းတစ်ချက်ရှင်းလိုက်ရင်း

“ငါနည်းနည်း​နေမ​ကောင်းဖြစ်​နေလို့,”

ထို့​နောက်သူ့ဝမ်းဗိုက်ကိုအသာကိုင်လိုက်ကာ

“ငါထင်တာ စားတာနည်းနည်းများသွားလားလို့”

" နင့်ကြည့်လိုက်ရင် အမြဲတမ်း အစာအိမ်ကပြဿနာဖြစ်​နေတာချည်း "

ပါးစပ်ကသာ​ပြော​ပေမယ့်ကျစ်ရွှမ်းကရိ​ပေါ်ရဲ့ လက်​မောင်း​လေးကို နားလည်စွာ အသာပုတ်​ပေးလိုက်​သေးသည်။

အနှီအမျိုးသမီး​လေးက ရိ​ပေါ်အတွက်​​သောက်​ရေအနည်းငယ်သွားယူ​ပေး​လေသည်။

ကျစ်ရွှမ်းက ဘီတာတစ်​ယောက်ဖြစ်ကာ သူသိသမျှလူ​တွေထဲ ချစ်စရာအ​ကောင်းဆုံးလည်းဖြစ်ပြန်သည်။ တစ်ခါတ​ရံ ဘီတာများသည် အယ်လ်ဖာ၊အိုမီဂါတို့လို အနံ့ခံအာရုံမရှိသည့်အတွက် ထိုအခြင်းအရာအ​ပေါ် မနာလိုဖြစ်တတ်လာကြ​ပေသည်။ သို့​သော်ကျစ်ရွှမ်းထံတွင်မူထိုသို့မဖြစ်ခဲ့​​ပေ။

အိုမီဂါဖြစ်ရခြင်းသည် အနံ့များစွာကိုအထိမခံဖြစ်ရုံသာမက၊ မ​မျှော်လင့်ပဲ ဆိုးရွား​သောအနံ့ကိုပိုင်ဆိုင်ထားမိခဲ့သည်ရှိ​သော်အယ်လ်ဖာတို့၏​ရှောင်ဖယ်ခြင်းကိုလည်းမလွဲမ​သွေခံယူရ​ပေသည်။

Statfised (ZSWW Translation Completed)Where stories live. Discover now