သည်လိုနေ့တွင်တော့ရိပေါ်သည် သူတို့နိုင်ငံရှိအကောင်းဆုံးသော ဆေးရုံတစ်ခုတွင် ကလေး၏ကျန်းမာရေးနှင့်သူ၏ခန္ဓာကိုယ်အတွက်စစ်ဆေးရန်ချိန်းဆိုထားချက်ရှိနေပေသည်။
အတိအကျကို ရှောင်းကျန့်က သူ့နောက်လိုက်လာဖို့ရန်အတွက် ရိုက်ကူးရေးမှအဆောတလျင်ထွက်လာပေသည်။ ထိုသို့ သဲသဲလှူပ်ဂရုစိုက်ခံရဖို့ရန် သူမမျှော်လင့်ထားပါပေ။ သူကသူ့အလုပ်သူလုပ်ချင်ရုံသာ။ သို့သော် ကိုယ်ဝန်ဆောင်ချိန်အတွင်း ရှောင်းကျန့်က အချိန်တော်တော်များများကို သူနဲ့အတူရှိရန်ကြိုးပမ်းနေသည်ကိုသူလည်းသိပါ၏။ သူကနေသားမကျရုံသာ။
တစ်ခြားသူများ ရှောင်းကျန့်ကို သိပ်အာရုံမစိုက်မိစေရန် သူတို့သည်ကားကိုသီးခြားသုံးပြီး မြေအောက်ကားပါကင်မှာပဲဆုံဖို့လုပ်လိုက်ကြသည်။
ဤဆေးရုံသည် နောက်ခံမြင့်မားသောလူနာများစွာကို ဂရုစိုက်ပေးခဲ့ပြီးဖြစ်ကာ ၎င်းတို့၏လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်လည်း ကောင်းမွန်စွာပြင်ဆင်ထားခဲ့ပေသည်။
ကံကောင်းစွာပဲ ရိပေါ်မှာဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးချိန်၊စစ်ဆေးချိန်တို့ကိုအကြာကြီးမလုပ်ခဲ့ရပေ။ သူအခုမှစိတ်သက်သာရာရသွားတော့သည်။
သူတို့ဆေးရုံမြေအောက်ကားပါကင်သိ့အတူလမ်းလျှောက်လာကြစဥ်ရှောင်းကျန့်ကပြောလာလေသည်။
“ကိုယ် ရိုက်ကူးရေးကိုပြန်သွားစရာမလိုတော့ဘူး, ကိုယ််မင်းနဲ့ အိမ်ကိုပြန်မယ်"
ထိုသို့ပြောပြီးနောက် ရှောင်းကျန့်ကသူ့ဖုန်းကိုတစ်ချက်စစ်လိုက်သေးသည်။
“အင်း,”
ရိပေါ်က ခေါင်းညိတ်ပြလေသည်။ သူအနည်းငယ်မျှအားနည်းနေပြီးပင်လည်းပင်ပန်းနေခဲ့သည်။
“လာ၊သွားကြရအောင်”
ရှောင်းကျန့်ကရိပေါ်ရဲ့လက်ဖဝါးလေးတွေအသာထွေးဆုပ်လို့ သူ့ရဲ့ရနံ့ကိုထုတ်လွှတ်ပေးကာ သက်တောင့်သက်သာဖြစ်စေလိုက်ပါသည်။
YOU ARE READING
Statfised (ZSWW Translation Completed)
Fanfiction© Original Author- JALPARI Translator - Maybel_94 Omega Yibo has some news for his alpha.