Chapter 3

1.6K 136 13
                                    

This Chapter is End.

ကိုယ်ဝန်​နောက်ဆုံးအပတ်​ရောက်လာ​သောအချိန်တွင်မူရိ​ပေါ်၏ခန္ဓာကိုယ်မှာပိုလို့ပင်မသက်မသာဖြစ်လာရသည်။ ထိုသို့​သောအချိန်အများစုတွင်မူသူသည်လုံးဝစိတ်ကြည်မ​နေပါ​ချေ။ သဘာဝအရ သူ့ခန္ဓာကိုယ်သည်​မွေးဖွားရအဆင်​ပြေ​ချော​မွေ့​​စေရန်အတွက်​ပြောင်းလဲလာ​ကြောင်းကိုလည်းခံစားမိပါ၏။ ထူးဆန်းလှစွာပင်သူ၏ခန္ဓာကိုယ်ကြွက်သားများသည်က​လေးထွက်လာနိုင်ရန်အတွက် ပုံစံ​ပြောင်းလာ​ပေသည်။ သို့​ပေတည့်​ရှောင်းကျန့်က​တော့ရိ​ပေါ်တစ်​ယောက်တစ်ခုခုဖြစ်သွားမှာကိုအစိုးရိမ်ဆုံးပါပင်။

​သူသည်အရင်ကလိုရှက်ခြင်း၊မရဲတင်းခြင်းတို့လည်းမရှိ​တော့ပဲ ​ရှောင်းကျန့်ဆီ မှနှစ်သိမ့်အနမ်းများကို​တောင်းခံတတ်​ခဲ့ပေသည်။

ရှောင်းကျန့်ကသူနှင့်သူ့အိမ်​ထောင်ဖက်တို့ကိုစိတ်အ​နှောင့်အယှက်​ပေးသည့် မည်သည့်မီဒီယာကိုမဆို တရားစွဲပြီး​နောက် လူထု၏ အာရုံစိုက်မှုကို ထိန်းထားနိုင်ခဲ့သည်။ သူတို့တွေကခွင့်ပြုချက်မရှိတဲ့ ဓာတ်ပုံတွေတင်ပြီး ရိ​ပေါ်ကို ဆဲဆိုခဲ့သည်မှာ​ပြောဖို့ရာပင်မတတ်နိုင်။

ရိ​ပေါ်က ​မွေးဖွား​နေစဥ်အချိန်အတွင်းအ​ကောင်းဆုံး​သော​စောင့်​ရှောက်မှူပေးနိုင်မယ့် အကောင်းဆုံး ဆေးရုံတွေကို သွားရောက်ကြည့်ရှုပြီး၊ သူ့နှင့်သူ့သမီးကို​စောင့်​ရှောက်​ပေးနိုင်မယ့်ဆရာဝန်တစ်ဦးကိုရှာ​ဖွေခဲ့သည်။ ရိ​ပေါ် ၏ စိတ်ထဲတွင် သူဆုံးဖြတ်ချက်ချရမည့် အသေးစိတ် အချက်အလက်​တွေနှင့် က​​လေးအတွက်ပြင်ဆင်ရမှူများဖြင့် ရှုပ်ယှက်ခတ်လို့နေသည်။

နောက်ဆုံးတွင်မှာ​တော့ ​ဆေးရုံမှရနိုင်​သောဝန်​ဆောင်မှူ၊​မွေးဖွား​နေစဥ်ကာလအတွင်းကုသမှူပိုင်းဆိုင်ရာအရာအားလုံးကိုစိတ်​ကျေနပ်​သောအခါမှသာအိမ်ကိုပြန်ဖို့ရာအတွက်စီစဥ်ရပါ​တော့၏။ ရိ​ပေါ်မှာမူကား​နောက်မှီခုံကိုမှီလျက်ပင်ပန်း​နေ​ပေ​တော့သည်။

“ကိုယ့်အိမ်ထောင်ဖက်က ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ​မွေးခန်းအပြင်မှာစောင့်နေဖို့ တစ်ခြားအိမ်ထောင်ဖက်က ရွေးချယ်ခွင့်ရှိတယ်ဆိုတာ မယုံနိုင်ဘူး”

You've reached the end of published parts.

⏰ Last updated: May 09 ⏰

Add this story to your Library to get notified about new parts!

Statfised (ZSWW Translation Completed)Where stories live. Discover now