The Moon Of The Star

5 1 0
                                    

'ကိုယ့်ရဲ့ချစ်သူလေးရေ စားပါဦးဗျ။ချိုရဲ့လား...'

'အရမ်းချိုတာပဲနော် မင်းရဲ့အချစ်တွေကြောင့်ဖြစ်မယ်'

'ဟုတ်တာပေါ့ ချစ်သူလေးရယ် ကိုယ်ထပ်ကျွေးမယ်နော်...'

ရေခဲမုန့်ခွက်ကို ကိုင်ကာ ခွံကျွေး၍ ရို့မန့်ဆန်လွန်းနေသော ကျွန်တော့်သူငယ်ချင်းနှစ်ယောက်။စားပွဲဝိုင်းသာ အလယ်မှာ မခံနေရင်ကျွန်တော် ကိုယ်တိုင်ခွံ့ကျွေးမိတော့မည်။

'မင်းတို့ တော်လိုက်တော့ မျက်စိနောက်တယ်ကွ'

'အံမယ် သူများတွေsweetနေတာ မနာလိုဘူးလားဗျ'

'မင်းကလဲကွာ သူ့ချစ်သူက အခုလိုမှရို့မန့်မဆန်တတ်တာကို ဟား..'

အတိုင်အဖောက်ညီစွာနဲ့ ကျွန်တော့်ကိုလှောင်နေတာပဲ။ဘာလို့များသူတို့နှစ်ယောက်ကို အောင်သွယ်ပေးခဲ့မိပါလိမ့်။

'P'Moon ကရို့စ်မန့်မဆန်တာမဟုတ်ဘူး အပိုတွေမလုပ်တတ်တာ'

'ဟုလားဗျ...'

ပြောင်စပ်"နဲ့ နှစ်ယောက်သား တကယ်ကိုလှောင်နေတာပဲ။

'မင်းတို့မတော်ရင် ငါရေခဲမုန့်ဝယ်မကျွေးတော့ဘူးlacture တွေလဲမငှားတော့ဘူး'

'ခွန်starဗျ တောင်းပန်ပါတယ်ဗျ မပြောတော့ပါဘူး စားနေပြီနော်'

'မပြောတော့ပါဘူး'

အခုမှပဲ နှစ်ယောက်လုံးကိုမျက်စိနောက်သက်သာတော့တယ်။
💖💖💖💖💖💖💖💖
ဖုန်းscreenပေါ်က နာရီကိုပဲ ကျွန်တော်ခနခန ကြည့်နေမိ
တယ်။

'ည 6 နာရီရေခဲမုန့်သွားစားကြမယ်'

ကျွန်တော့်ချစ်သူရဲ့ရှားပါးတဲ့ ဒိတ်။ကုမ္ပဏီကြီးရဲ့ CEO ဆိုတော့လဲများပြားတာပေါ့ အလုပ်တွေ။ဒါပေမယ့်လဲ P' ကကျွန်တော့်ကိုအရမ်းချစ်ပါတယ် ချစ်နေဖို့က အဓိကပဲလေ ဟုတ်တယ်မှလား။

အတွေးကမ္ဘာထဲ နယ်ချဲ့နေခိုက် အပြင်မှထွက်ပေါ်လာတဲ့ ဘဲလ်သံလေး။

The Moon Of The StarWhere stories live. Discover now