🪸🪸🪸chapter-2🪸🪸🪸

23 2 0
                                    

ဖြိုး"၀င့်၀ါရေ....၀င့်၀ါ။"

၀င့်ဝါ"ရှင်!!!အကိုလေး...လာပါပြီ။"

အကိုလေးကလှမ်းခေါ်နေတာကြောင့်၀င့်၀ါဒေါ်ဒေါ့်ကိုဟင်းရွက်ကူခြွေနေရင်းကနေပြေးသွားလိုက်တယ်...

ဖြိုး"၀င့်၀ါ....ငါ့spicyခေါက်ဆွဲစားချင်လို့ဒီနားကmini marketမှာသွား၀ယ်ပေး။"

၀င့်၀ါ"ဟုတ်....ဟုတ်ကဲ့။"

ဖြိုး"၁၀မိနစ်အချိန်ပေးမယ်....မြန်မြန်ပြန်လာခဲ့....ကြာမနေနှင့်။"

၀င့်၀ါ"ဟုတ်..."

အကိုလေးက၁၀မိနစ်ပဲအချိန်ပေးတာကြောင့်၀င့်၀ါအိမ်ကနေmarketကိုတတ်နိုင်သမျှအမြန်ပြေးသွား‌လိုက်တယ်....အကိုလေးကို၀င့်၀ါကြောက်တယ်....ဘာလို့လဲလို့မေးရင်၀င့်၀ါမှာဖြေဖို့အဖြေမရှိပေ....သူ့မျက်လုံးတွေကိုကြည့်ရတာနှင့်တင်‌ထိတ်လန့်နေမိတယ်။

၀င့်၀ါmarketကိုအပြေးသွားရင်းလမ်းမှာလူတယောက်ကို၀င်တိုက်မိတယ်....၀င့်၀ါလဲကျသွားမှာဆိုးလို့တဖက်လူကခါးကိုဖက်ကာထိန်းပေးထားလိုက်တယ်။

တိုး"ဟင်!!!၀င့်၀ါလေ'...."

၀င့်၀ါ"ကိုကို...."

တိုး"၀င့်၀ါရယ်....ဘယ်လိုဖြစ်တာလဲ???အလောတကြီးနှင့်ပြေးလာရတယ်လို့။"

၀င့်၀ါ"အကိုလေးကspicyခေါက်ဆွဲ၀ယ်ခိုင်းလိုက်လို့....၀ယ်ချိန်၁၀မိနစ်ပဲပေးလို့ပြေးလာတာ။"

တိုး"အကိုကတော့လေ....၀င့်၀ါပင်ပန်းအောင်လို့....လာ...လာ...ကိုကိုနှင့်အတူသွား၀ယ်မယ်...."

၀င့်၀ါ"ရပါတယ်....ကိုကိုရဲ့....ကိုကိုကအခုမှpianoသငါတန်းကပြန်လာတာ....ပင်ပန်းနေမှာပေါ့....ပြီးတော့အချိန်မှီပြန်မလာရင်အကိုလေးဆူတာခံနေရအုန်းမယ်။"

တိုး"ကိုကိုကအပင်ပန်းပါဘူး....ပြီးတော့အကိုကို့ဂရုစိုက်မနေနှင့်....ကိုကိုရှိတယ်။"

ကိုကိုကအဲ့လို့ပဲ....၀င့်၀ါကိုညီမလေးတယောက်လိုကာကွယ်ပေးတယ်....၀င့်၀ါမှာအကိုမရှိပေမဲ့ကိုကိုကြောင့်အကိုရင်းတယောက်ရလိုက်သလိုခံစားရတယ်ရှင်။

သီတာနှင့်ရာမကြားကဒဿဂီရိWhere stories live. Discover now