🪸🪸🪸chapter-7🪸🪸🪸

14 1 0
                                    

      ကျောင်းဆင်းတော့toiletခဏသွားပြီးကားဆီအမြန်လာခဲ့တယ်....

၀င့်၀ါ"sorryနော်....ကိုကို....သန့်စင်ခန်း၀င်နေတာနှင့်နည်းနည်းနောက်ကျသွားတယ်။"

တိုးဝေယံ"ရပါတယ်...."

၀င့်၀ါကားတံခါးဖွင့်ဖို့လုပ်ပေမဲ့.....

တိုးဝေယံ"ခဏလေး....ကောင်မလေး.....ကားထဲမ၀င်နှင့်အုန်း....ကားထဲမ၀င်ခင်အနောက်ဖုံးထဲဂီတာယူပေးပါလား???"

၀င့်၀ါ"ဟုတ်ကဲ့...."

ကားနောက်ဖက်ဆီသွားပြီးကားနောက်ခန်းဖွင့်လိုက်တော့ရောင်စုံပူဖောင်းလေးတွေကမြှင့်တက်လာခဲ့တယ်....ပူဖောင်းလေးတွေကလှပြီးချစ်ဖို့ကောင်းလွန်းနေသည်.....ပူဖောင်းလေးကကိတ်မုန့်ဘူးလေးမှာချီထားတာဖြစ်တယ်.....ကိတ်မုန့်လေးရဲ့ဘေးမှာချစ်စရာကောင်းတဲ့doraemonအရုပ်လေးနှင့်အတူ၀င့်၀ါအကြိုက်ဆုံးနေကြာပန်းစည်းလေးရှိနေတယ်....

      doraemonအရုပ်လေးကအရမ်းပဲချစ်ဖို့ကောင်းနေတော့၀င့်၀ါယူပြီးဖက်ထားလိုက်မိတယ်.....အရုပ်လေးကိုဖက်လိုက်တော့doraemonရဲ့အိတ်ကပ်လေးမှာတခုခုရှိနေတာကိုခံစားရတာကြောင့်အိတ်ကပ်ထဲကိုနှိုတ်ကြည့်လိုက်တော့ဖန်လုံးလေးတလုံးကိုထပ်ရှိနေခဲ့သည်.....

     ဖန်းလုံးလေးမှာကောင်လေးကကောင်မလေးကိုနေကြာပန်းစည်းလေးပေးနေတဲ့အရုပ်လေးလဲပါ၀င်နေသလို'happy valentine day,wint war'ဆိုတဲ့စာတန်းလေးထိုးထားသေးသည်....၀င့်၀ါဖန်လုံးထဲကအရုပ်လေးကိုကြည့်ပြီးသဘောကျစွာပြုံးရယ်လိုက်မိသည်......ဖန်လုံးအောက်ကခလုတ်လေးကိုနှိပ်လိုက်တော့မီးလေးလင်းလာပြီးနှင်းလေးတွေကလေပေါ်ပျံဝဲနေတော့တယ်....အရမ်းကိုလှပတဲ့ဖန်လုံးလေးကြောင့်၀င့်၀ါအရမ်းပဲပျော်နေမိတော့တယ်....

     doraemon၊ဖန်လုံးလေးနှင့်ပန်းစည်းလေးပါ၀င့်၀ါနှင့်ခေါ်အတူခေါ်လာခဲ့လိုက်တယ်.....

၀င့်၀ါ"ကိုကို....ဒါတွေကဘာတွေလဲ???"

တိုးဝေယံ"မင်းအတွက်valentine dayလက်ဆောင်.....valentine dayမှာဒီကကောင်မလေးလဲသူများတွေလိုလက်ဆောင်ရသင့်တာပေါ့....."

သီတာနှင့်ရာမကြားကဒဿဂီရိWhere stories live. Discover now