Unicode
ခရီးထွက်ရတာကို Seungmin သိပ်မုန်းပါသည်။
အကြောင်းအရင်းကတော့ ခရီးသွားခြင်းက သူ့ရဲ့ energy ကို စုပ်ယူပြီး သူ့ကို နွမ်းနယ်သလို ခံစားရစေလို့ဖြစ်သည်။ ထိုသို့ မုန်းတီးတဲ့ခရီးသွားခြင်းကို လုပ်ဆောင်ခဲ့ပြီး အချိန်တွေရင်းခဲ့တဲ့ ပင်ပန်းခြင်းက Inseong အတွက် မျှတမှုကို ရှာပေးနိုင်လိုက်ခြင်းဖြင့် ပြေပျောက်သွားကြသည်။Inseong ရဲ့ syndrome ကို အကြောင်းပြကာ အမှုတရားခံက သပ်သပ်ရှိနိုင်ကြောင်း တင်ပြချက်ဖြင့် အမှုကို အသေးစိတ်ပြန်စုံစမ်းရာမှ တရားခံအစစ်ဟာ သေဆုံးသူအဖွားကို ငွေလုဖို့ကြံစည်ရာမှ လက်လွန်ပြီး သေဆုံးစေခဲ့မိတဲ့ အလစ်သုတ်သမားတစ်ဦးဖြစ်ကြောင်းနှင့် ဝင်ကူဖို့ သံတုတ်ကို ပြိုင်လုဖို့ကြိုးစားခဲ့ခြင်းကြောင့် Inseong ရဲ့ DNA တင်ကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်အိတ်ကြောင့် တရားခံရဲ့ DNA မရှိနေခြင်းက သူတို့ကို လမ်းမှားစေခဲ့တာ ဖြစ်သည်။
အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး တရားခံအစစ်ကိုလည်း ဖမ်းနိုင်ခဲ့ပြီဖြစ်တာကြောင့် Inseong ဟာ သံတိုင်နောက်မှ လွတ်မြောက်ခွင့်ရလာသည်။
သူ့ရဲ့ညာဘက်လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လာတဲ့ Inseong က ဘာစကားတစ်ခွန်းမှ မပြောနိုင်ပေမဲ့ တုန်ရီချင်နေတဲ့ မျက်ဝန်းများနှင့် နှုတ်ခမ်းပါးများပေါ်မှ အပြုံးကလေးကိုကြည့်ရင်း ကျေးဇူးတင်ကြောင်း ပြောချင်နေမှန်း Seungmin နားလည်ပါသည်။
ကောင်ကလေးရဲ့ခေါင်းအား ခပ်ဖွဖွပွတ်သပ်ပြီးနောက် ပုခုံးထောင့်လေးကို ပုတ်ရင်း ပြန်ပြုံးပြလိုက်သည်။
"မင်းအတွက် ဧည့်သည်ရှိတယ် Inseong"
Inseong က နားမလည်ဟန်ဖြင့် ပြူးကြောင်ကြောင်ကြည့်လာသည်။ ထိုကလေးအား
သူ့အနောက်မှလိုက်လာဖို့ပြောရင်း Seungmin စခန်းအပြင်သို့ ခေါ်ထုတ်လာလိုက်သည်။"Inseong လေး..."
အပြင်သို့ရောက်သည်နှင့် ပြေးဖက်လာတဲ့ အမျိုးသမီးနှစ်ဦးကြောင့် Inseong မျက်ဝန်းတို့မှာ မျက်ရည်ဝဲလာသည်ကို Seungmin မြင်ရပါသည်။ ထို့နောက် သူမတို့ကို ပြန်ဖက်လိုက်တာကိုရော။
YOU ARE READING
Who Kills Who
FanfictionA stern detective A flirty crook What else could go wrong? - Written in Burmese