WKW - 8 (Final)

301 47 6
                                    

Unicode

အချိန်အကြာကြီးအိပ်ပျော်သွားပြီးနောက် တစ်စတစ်စတိုးဝင်တဲ့ အလင်းရောင်နှင့်အတူ နိုးထလာချိန် Seungmin မြင်ရတာက Jeongin ကို ဖြစ်သည်။

ချက်ချင်းအလုပ်မလုပ်သေးတဲ့ ဦးနှောက်က ပထမဆုံးမြင်ရတဲ့သူက Hyunjin ဖြစ်မနေတဲ့အပေါ် စိတ်ခုသွားသေးသည်။ ခဏအကြာမှ မှတ်ဥာဏ်တွေ သေချာအလုပ်လုပ်တော့ ခုနေတဲ့စိတ်ကလေးက စိုးရိမ်ခြင်းသို့ ကူးပြောင်းသွားသည်။

"နိုးလာပြီလား Hyung" ဆေးရုံကုတင်ထက် ထထိုင်တော့ Jeongin က ဝမ်းသာစွာ မေးလာခဲ့သည်။ သို့ပေမဲ့ Seungmin ကတော့ ဒီမေးခွန်းကို မဖြေအားပါ။

"Sam ရော..?"

Jeongin မျက်နှာက သိသိသာသာပျက်ယွင်းသွားသည်။

"Hyung လည်း မထင်ထားခဲ့ဘူးမလား.. ။ Sam က လူသတ်သမားဖြစ်နေတယ်ဆိုတာသိသွားတော့ ​အများကြီး shock ရခဲ့မှာပဲ။"

Seungmin နှလုံးသားဟာ ရှိရင်းစွဲနေရာမှ အောက်ဘက်သို့ ဘုန်းခနဲပြုတ်ကျသွားရသည်။

ဒါဆို သူ မမေ့သွားခင် ကြားခဲ့ရတာတွေက အိပ်မက်မဟုတ်ခဲ့ဘူးပေါ့? တကယ်ပဲ Hyunjin က သူ့အစား တရားခံအဖြစ် အစားဝင်ခဲ့တာပေါ့?

ဒါပေမဲ့... ဘာလို့လဲ?
တရားခံအဖြစ် ချောက်ချပါတယ်ဆိုပြီး အထင်လွဲဒေါသထွက်ခဲ့တဲ့သူက စိတ်လိုလက်ရ သူ့အစား အပြစ်ဝန်ခံတယ်ဆိုတာက ဘာကြောင့်လဲ?

"သူ..သူ အခု ဘယ်မှာလဲ Jeongin?
သူ ဘာဖြစ်သွားလဲ?"

"ထိန်းသိမ်းထားတယ်လို့ ကြားတယ်။ ရုံးထုတ်ဖို့ကတော့ နောက်တစ်ပတ်နေမှတဲ့"

ရုံးထုတ်ခြင်းမထုတ်ခြင်းက ဘာမှတော့ ကွာခြားသွားမှာမဟုတ်ဘူး ဆိုပေမဲ့ ထောင်ကို မရွှေ့သေးတဲ့အပေါ် နည်းနည်းတော့ စိတ်သက်သာရာရမိသည်။

"ငါ သူနဲ့တွေ့ချင်တယ် Jeongin.."

Jeongin သည် သူ့အား မယုံကြည်နိုင်စွာ
မော့ကြည့်လာခဲ့သည်။ ဟုတ်တာပေါ့။ သူတို့အမြင်အရ ကိုယ့်ကိုဓားနဲ့ထိုးခဲ့တဲ့သူကို အသည်းအသန်တွေ့ချင်နေတာက သိပ်မှ ယုတ္တမရှိတာလေ။

ဒါပေမဲ့ သူနဲ့ Hyunjin ပဲ သိတဲ့ အမှန်တရားမှာတော့
သူ့ရဲ့ တွေ့လိုစိတ်ကလေးက အကျိုးအကြောင်းဆီလျော်ပါသည်။

Who Kills WhoWhere stories live. Discover now