WKW - 7

215 41 7
                                    

Unicode

နေဟာ မျက်နှာရှေ့အရပ်မှ ထွက်လာကတည်းက စတင်ခဲ့သည့် စောင့်ဆိုင်းခြင်းဟာ နောက်ကျောဘက်သို့ နေဝင်သည်အထိ ဘာမှထူးခြားလာခြင်း မရှိတာကြောင့် Hyunjin မှာ သက်ပြင်းချရပြန်ပါသည်။ ဒီနေ့လည်းပဲ အချည်းနှီးဖြစ်ရပြန်ပါပြီ။

ထို့သို့ စိတ်ပျက်စွာ ရှိနေစဥ်မှာပဲ ကားမှန်ပေါ်မှ တံခါးခေါက်သံကြောင့် ကားမှန်ချလိုက်သည်။
Seungmin ဖြစ်မနေတဲ့အပေါ် အနည်းငယ်စိတ်ပျက်မိပေမဲ့ Jeongin သတိမထားမိအောင် မြန်မြန်ပဲ မျက်နှာကို ထိန်းလိုက်သည်။

"ဆက်စောင့်မနေနဲ့တော့ Sam ၊ အချည်းနှီးပဲ။
Seungmin Hyung ခွင့်ယူထားတာ သုံးရက်ရှိပြီ"

Jeongin ထံပါး မုသားတစ်စုံတစ်ရာပါရှိနေမလား
Hyunjin အကဲခတ်ကြည့်ပေမဲ့ လိမ်ညာခြင်းအရိပ်အယောင် တစွန်းတစမျှ ရှာမတွေ့ပါ။ ထိုအခါ စိုးရိမ်ခြင်းက သူ့ရင်ကို တရိပ်ရိပ်တိုးဝင်ရသည်။

"ဘာဖြစ်လို့တဲ့လဲ"

"နေမကောင်းဖြစ်နေတယ်လို့တော့ ပြောတယ်။ ကျွန်တော်တောင် ဒီညနေ လိုက်သွားမလို့ တွေးနေတာ ဒါပေမဲ့ ကိစ္စတစ်ခုပေါ်လာလို့"

စိုးရိမ်စိတ်လှိုင်းရိပ်လေးများက လှိုင်းလုံးကြီးများအဖြစ် ကြီးထွားသွားရသည်။ နေမကောင်းဘူး ဆိုတဲ့အခြင်းအရာက တကယ်ဖျားနာနေတာ ဖြစ်နိုင်သလို၊ သူနဲ့မဆုံအောင် စခန်းကို မလာရဖို့ အကြောင်းပြချက်ပေးတာလည်း ဖြစ်နိုင်ပါသည်။ Hyunjin ကတော့ ဒုတိယအခြင်းအရာဖြစ်ဖို့ကို ပိုမျှော်လင့်ပါသည်။

"Seungmin ရဲ့ အိမ်လိပ်စာလေး ပြောပြပေးလို့ရမလား"

Jeongin က ခဏတော့ တွေဝေနေသေးသည်။
ထို့နောက် ခဏကြာခါမှ ခေါင်းညိတ်ကာ Seungmin ရဲ့ လိပ်စာကို ပြောပြသည်။

"ကျွန်တော်ပြောပြတာလို့တော့ မပြောနဲ့နော်"

ကတိပေးကြောင်း ခေါင်းညိတ်ပြရုံသာ ညိတ်ပြပြီးတဲ့နောက်
Hyunjin ရဲ့ ကားနက်လေးဟာ စခန်းဧရိယာပြင်ပသို့ မြန်ဆန်စွာထွက်သွားခဲ့သည်။ ချစ်ရသူမရှိတဲ့ ရပ်ဝန်းမယ် ကြာကြာဆက်နေစရာမှ မရှိပါဘဲ။

လိပ်စာအရ Hyunjin ရောက်လာတဲ့နေရာက ​အချက်အချာကျတဲ့ မြို့လယ်ခေါင်နဲ့တော့ တော်တော်လှမ်း၏။
ရပ်ကွက်လေးက လူနေကျဲတာကိုလည်း သတိထားမိပါသည်။
အလုပ်ဆင်းချိန်လွန်သည့်တိုင် လူရိပ်သိပ်မမြင်ရဘဲ ဆိတ်ငြိမ်နေသည်။

Who Kills WhoWhere stories live. Discover now