အပိုင်း(၁)

1K 29 3
                                    

Unicode

ဘေးခြံက  တဒင်ဒင် တဒေါင်တဒေါင် နှင့် ကြားနေရသော ဂစ်တာသံကြောင့်  လက်ထဲက ဘောပင်ကို ပစ်ချလိုက်သည်။ ဒေါသထွက်နေပေမယ့် ဘာမှလုပ်လို့မရတာကြောင့် စိတ်လျော့ထားဟု ကိုယ့်ကိုကိုယ် သတိပေးနေရသည်။

ဘောပင်ပြန်ကိုင်ကာ တွက်လက်စ သင်္ချာ ပုစ္ဆာကိုသာ ဆက်တွက်နေလိုက်သည်။ လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားသော ပြတင်းပေါက်မှ ဝင်လာသည့် ဂစ်တာသံကြောင့်  ထပိတ်ရန်ပြင်လိုက်သည်။ တစ်ဖက်ခြံမှ မြင်နေရသည့် ဂစ်တာတီးနေသော အကိုကြီး လေးယောက်ကိုလည်း မကျေမနပ် မျက်စောင်းထိုးလိုက်ပြီး ပြတင်းပေါက်ကို ဒုန်းခနဲ မြည်အောင် ပိတ်လိုက်သည်။

" မတီးတတ်ဘဲ တီးနေသေးတယ် "

ဒုန်း ဆိုသည့် အသံကြောင့် ဂစ်တာကြိုးပေါ်က ဘုန်းမာန်ရဲ့ လက် တန့်သွားရသည်။ ဘယ်ကအသံလဲ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ တစ်ဖက်ခြံမှ ပိတ်သွားသော ပြတင်းေပါက်ကိုသာမြင်လိုက်သည်။

" ဘာလဲဟ ဖီးလ်တောင်ပျက်သွားပြီ  "

ဘုန်း.....

" ဟ.... ငါ့ကို ဘာလို့ရိုက်တာလဲ ခွေးရ "

" ဘာသီးချင်းမှ မဆိုဘဲ ဘာကို ဖီးလ်နေတာလဲ "

မျက်နှာချင်းဆိုင်တာနဲ့ ကိုက်နေကြတဲ့ ဉာဏ်သာ နဲ့ ဥက္ကာကို ဘုန်းမာန် စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။ ငနဲ နှစ်ကောင်ကို အာရုံမစိုက်တော့ဘဲ ဂစ်တာသာတီးနေလိုက်သည်။  ရေခဲတုံး ရှိန်းခန့်ကတော့ alcohol 5% ပါတဲ့ ဘီယာဘူးကိုကိုင်တာ ပြုံးနေသည်။

" တော်ပြီ မောတယ်ကွ တစ်ချိုက်တစ်ဘူးလောက် သောက်ရအောင်  ဟိုကောင် အပျော့သောက်ပြီး ပြုံးနေပြီ "

" သိက္ခာကျတယ်ကွာ "

ဘီယာမသောက်နိုင်တဲ့ ရှိန်းခန့်က ဘူးတဝက်မရောက်ခင်မှာဘဲ မူးတော့သည်။ မူးတိုင်းလည်း ဘာစကားမှ မပြောတော့ဘဲ ပြုံးသာပြုံးနေတတ်သည်။ ဒါကို ဘီယာဂျိုး ဉာဏ်သာနဲ့ ဥက္ကာက အခွင့်ကြုံတိုင်း ဖဲ့သည်။

ဆယ်ကျော်သက် တက္ကသိုလ် ကျောင်းသားဝိုင်းတွင် ဘီယာကတော့ ပါမြဲပင်။ ဘီယာဂျိုး သူတို့အဖွဲ့ကတော့ ကတ်လိုက်ချကာ ဝိုင်းထောင်ထားသည်။

ရေဒီယိုကမာရွတ် Where stories live. Discover now