အပိုင်း(၃)

357 18 8
                                    

Unicode

" ရေသည်ယောင်္ကျားလည်း မယားနှင့် အတူ ပွဲသဘင်ဝင်ရမည်ကို ဝမ်းမြောက်ဝမ်းသာရှိပြီး......."

ပြတင်းပေါက်ဘောင်ပေါ် လက်ထောက်တင်ထားပြီး တစ်ဖက်ခြံထဲက သရက်ပင်ကြီးအောက်ကို မမှိတ်မသုံ စေ့စေ့ကြည့်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။

တစ်ခါတရံက စာကျက်သံနှင့်အတူ ပါလာတတ်သည့် ရယ်သံများ
က ဘုန်းမာန်စိတ်ထဲ မကြိုက်ချေ။ သူ အချိန်တွက်မမှားဘူးဆ်ုလျှင် မုန့်ဟင်းခါးဆိုင်က ကောင်မလေး ရောက်နေတာလေးနာရီကျော်နေပြီဖြစ်သည်။

" ဟားးဟားး အဲနေရာကိုရောက်ရင် ဟိုကောင်ချမ်းငြိမ်း အမြဲရီတာ "

အာရုံလွင့်နေသည့်အချိန် ထပ်ကြားရသည့် ရယ်သံကြောင့် ဘုန်းမာန်မျက်မှောင်ကြုံလိုက်သည်။ စိတ်ထဲတွင်လည်း ဒီလိုစာကျက်ပုံနှင့် ဂုဏ်ထူးအများကြီးထွက်ဦးမည်ဟု တွေးလိုက်သည်။

တွေ့တာ မကြာသေးသော်လည်း သူနှင့်ဆိုလျှင် အမြဲဆူပုတ်နေတတ်သည့် ဘဲပေါက်က ရယ်နေသည်မှာ သွားတိုက်ဆေးကြောညာနေသည့်အတိုင်းပင် ။
ဆက်ပြီးမကြည့်ချင်တော့တာကြောင့် တံခါးကိုပိတ်လိုက်သည်။

အိမ်ရောက်လျှင် အနီးအနားပတ်ဝန်းကျင်ကို မုန့်ဝေရမည်ဟု
မှာလိုက်သည့် မေမေနှင့် ဘွားစကားကြောင့် ပါလာသည့်မန္တလေးထိုးမုန့်ကို ဘဲပေါက်အိမ်ကိုသွားပို့ရင်းဘဲပေါက်ကဆယ်တန်းဆယ်တန်းဖြေမည့်ကျောင်းသားမှန်းသိခဲ့ရသည်။

ကိုယ်ပိုင်ကျောင်းတက်တာကြောင့် စာမေးပွဲမဖြေခင် တစ်လကိုအိမ်မှာဘဲ စာပြန်နွေးနေသည့် ဘဲပေါက်အကြောင်းသိခဲ့ရတာကြောင့် တစ်ခန်းထဲသာပါသော master room ကို သရက်ပင်ကြီးနှင့် တိုက်ရိုက်တန်းမြင်နေရသော ဥက္ကာအခန်းနှင့်လဲထားခြင်းဖြစ်သည်။

အခုတော့ ဘုန်းမာန်မှာ ကိုယ့်အပူကို ကိုယ်ရှာသလိုဖြစ်နေ‌ေတာ့သည်။

......................

" ဟာ ထိုး ချက်ကောင်းကို တစ်ချက်ဘဲထိုး...."

" ဟာ ္ီးဘဲကွာ...."

" ဟုတ်ပြီ အနီကွ ဟား..တစ်ချီပြီးပြီကွ "

ရေဒီယိုကမာရွတ် Where stories live. Discover now