Unicode
ရှေ့ကနေ ဘောက်ဆတ်ဆတ်နှင့် ထွက်သွားသော ကောင်လေးနောက်ကို ဘုန်းမာန်တို့သူငယ်ချင်းလေးယောက် ပြုံးပြုံးဖြင့်လိုက်ခဲ့သည်။ အဝါနုရောင် အင်္ကျီနှင့် နှုတ်ခမ်းလေး ဆူထားသော ကောင်လေးက ဘုန်းမာန် မျက်စိထဲတွင် ဘဲပေါက်လေးနှင့် တူလှသည်။
ၔည့်သည်ဆိုတာလည်း သော်တာ နားမလည်နိုင်ပါ။ မျက်နှာကိုခပ်တည်တည်တင်းတင်းထားပြီး နောက်ကလိုက်လာသော အကိုကြီလေးယောက်ကို မစောင့်ဘဲ ခပ်မြန်မြန်သွားလိုက်သည်။
ပြောင်ရှင်းနေသော လမ်းပေါ်ကိုလည်း ဟိုကန်ဒီကန် လုပ်နေသော ကောင်လေးကို ဉာဏ်သာ က မနေနိုင်ဘဲ ရယ်လိုက်တော့ ရှေ့ကဘဲပေါက်ရဲ့ မျက်စောင်းကိုရလိုက်သည်။
ဘုန်းမာန်လည်း ရီချင်တာကိုအောင့်ထားပြီး ဉာဏ်သာ ပုခုံးကို ပုပ်လိုက်သည်။ သဘောက မရီနဲ့ ဟုပြောချင်သည့် သ ဘော။" ကိုကြီးသော်တာ ဘယ်သွားမလို့လဲ "
" မုန့်ဟင်းခါးဆိုင် သွားမလို့ မင်းကရော ဘယ်လဲ "
" စျေးထဲကအမေ့ဆိုင်ကိုသွားမလို့ "
" အေးအေး လမ်းဘေးကပ်စီးနော် ။ ကားလာနေတာတွေ့ရင် ချရပ်လိုက် စက်ဘီးတန်းေရာက်ရင်လည်း ပိုက်ဆံမနှမြောနဲ့ အပ်ခဲ့လိုက် "
" ဟုတ်ကဲ့ ကိုကြီး "
လမ်းတလျှောက် တွေ့သမျှ လူကြီးလူငယ် ကျားမမရွေး သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ပြုံးပြနှုတ်ဆက်နေပြီး သူတို့ကိုမှ ကွက်ပြီး မိုးအုံ့နေတဲ့ ဘဲပေါက်ကို ဘုန်းမာန်တို့နားမလည်နိုင်ဖြစ်နေရသည်။
မတောင်းဘဲပြည့်နေတဲ့ မျက်နှာမြင်လူမုန်းတယ် ဆိုရအောင်လည်း
ဘုန်းမာန်တို့လေးယောက်က တက္ကသိုလ် မှာ ကောင်မလေးေတွ
ဝိုင်းဝိုင်းလည်နေသည့်အဖွဲ့။ တစ်ခုတော့ တစ်ခုဘဲ။" အကိုကြီးတို့ မြန်မြန်လျှောက်လို့မရဘူးလား ရှိုးစမိုးထုတ် လျှောက်မနေနဲ့ "
ဟောကြည့် အကောင်ကြီးကနေ နောက်ကကပ်လိုက်တဲ့ သူတို့လေးယောက်ကို မာန်မဲနေတာဘဲကြည့်။ ရှေးဘ၀က ဘုန်းမာန်တို့အဖွဲ့နဲ့ ရန်သူတွေများ ဖြစ်ခဲ့သလားလို့ ထင်ရအောင် ဘဲပေါက်က ဘုန်းမာန်တို့ကို မကြည်တာဖြစ်သည်။
YOU ARE READING
ရေဒီယိုကမာရွတ်
Romanceကိုကို နဲ့ ရေဒီယို ကမာရွတ်လေး မင်းမြတ်ဘုန်းမာန် သက်သော်တာထွဋ်