အပိုင်း(၄)

333 19 5
                                    

ရေဒီယိုကမာရွတ် အပိုင်း(၄)

အိမ်ထဲကို အပြေး၀င်လိုက်ပြီး အထဲရောက်မှ ဒူးနှစ်ဖက်ပေါ်
လက်ထောက်ကာ အမောဖြေလိုက်သည်။ စိတ်ထဲတွင်လည်း
လုပ်ချင်တာ လုပ်လိုက်ရ၍ ကျေနပ်နေသည်။

" သား အပေါ်မတက်သေးဘဲ ဘာလုပ်နေတာလဲ "

အပေါ်ထပ်မှ ဆင်းလာသည့် မေမေက အပေါ်မတက်မလာသေးသည့် သော်တာကို မြင်ပြီးမေးလာသည်။

သော်တာလည်း လုပ်ချင်ရာလုပ်ပြီးမှ မေမေ့ကို ကြောက်တာကြောင့်

" ညောင်းလို့  မတက်သေးတာ မေမေ....
ထိုင်ရတာများသွားလို့နဲ့ တူတယ် ခြေထောက်ကျင်ချင်နေတယ် "

မေမေ ဆူမည်စိုးတာကြောင့် စဥ်းစားမိတာ ပြောလိုက်သော်လည်း
တကယ်ကျင်လာသည့် ခြေထောက်ကြောင့် သော်တာငိုချင်လာသည်။ မြောက်လို့မရ ဆန့်လို့မရနှင့် လှေကားခြေရင်းမှာတင် မလှုပ်မယှက်ရဘဲနှင့်
တောင့်တောင့်ကြီးဖြစ်နေသည်။

" ဒီကလေးနှယ် အဲတာကြောင့် ထိုင်တာများသွားရင် လမ်းလေးဘာလေးလျှောက်လို့ ပြောတာပေါ့ လွယ်အိတ်ကို မေမေ့ကိုပေး
ခြေမနဲ့ ခြေညိုးကြားကို တံထွေး လေး နဲနဲတို့လိုက် "

"ဟုတ်...."

မေမေ့စကားကို မငြင်းချင်တာကြောင့် မေမေပြောတဲ့အတိုင်းလုပ်လိုက်သည်။ ခြေကျင်တာသက်သာလာမှ အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။

............................

" ဘယ်အဆင့် မှားသွားတာလား သေချာတွက်ထားတာကို
ထပ်မှားပြန်ပြီ......"

ပုစ္ဆာတစ်ပုဒ် ကို ထပ်ခါတလဲလဲတွက်နေတာသော်လည်း မှားနေတာကြောင့် သော်တာ
ကိုယ့်ကိုကိုယ် ဒေါသထွက်လာရသည်။ နဂိုထဲက သင်္ချာအားနည်းသည့် သော်တာက မရတဲ့ ပုစ္ဆာကို  ထပ်တလဲလဲ တွက်တတ်သည့် အကျင့်ရှိသည်။ အဖြေမှန်းမရမချင်း ထိုပုစ္ဆာမှာ အာရုံက ရောက်နေတာကြောင့် အချိန်ပုပ်တာလည်း သော်တာသိပါသည်။
သို့သော် အကျင့်က ပြင်ရခက်သည်မဟုတ်ပါလား။

" မှားပြန်ပြီ မှားမှားထပ်သာမှားနေလိုက်တော့
ဒီခေါင်းကလည်း ဒီပုစ္ဆာလေးတောင် မတွက်နိုင်တော့ဘူးလား
ကဲဟာ...ကဲဟာ...."

ရေဒီယိုကမာရွတ် Where stories live. Discover now