Part-1 to Part-2 Uni/Zawgyi

4.7K 57 1
                                    

ဒဿလည်းကျတော်.....ရာမလည်းကျတော်

Part-1

"သား စစ် ရေထတော့လေကျောင်းနောက်ကျတော့မယ်"

လာပါပြီနာရီနိုးစက်မလိုတဲ့မာမီရဲ့အော်သံ....

"ထပြီမာမီ"

"မြန်လုပ်နော်ကျောင်းနောက်ကျနေမယ်"

"ဟုတ်ကဲ့ပါ"

အိပ်ယာနိုးနိုးခြင်းပြေးမြင်လိုက်တာက. "မ" ရဲ့မျက်နှာလေးပေ။

"အရမ်းလှတယ် မ ရာ။ "မ" ကြောင့်ကျတော်ရူးတော့်မယ်"

ကျောင်းသွားမှ မ နဲ့တွေ့ရမှာဆိုတော့ကျောင်းသွားဖို့အတွက်ပြင်ဆင်ရလေသည်။ကုတင်ပေါ်ကနေအမြန်ဆင်းလိုက်ပြီးကိုယ်လက်သန့်စင်ဖို့အတွက်ရေချိုးခန်းထဲဝင်ရလေတော့သည်။

"morning မာမီ"

"morning သား"

စစ်ပိုင်နာရီကြည့်လိုက်တော့8:00နာရီထိုးနေပြီဖြစ်တာကြောင့်ကိတ်မုန့်ကိုပါးစပ်ထဲထိုးထည့်ပြီးကော်ဖီတစ်ငုံသောက်ကာပြေးထွက်လာလိုက်သည်။

"ဟဲ့သားတော်ပြီလား"

"တော်ပြီမာမီရေကျောင်းနောက်ကျတော့မယ်သွားပြီ"

"ဉီးထွန်းအဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ဖြစ်ပါပြီအကိုလေး"

"မာမီသွားပြီ"

"အေးအေးသား"

မိခင်ဖြစ်သူရဲ့ပါးကိုဖိနမ်းကာလက်ပြလျက်ကားပေါ်သို့တက်သွားလေသည်။

ဒေါ်ရတနာခင်တစ်ယောက်သားဖြစ်သူကိုကြည့်ပြီးသက်ပြင်းမောတစ်ချက်ချလိုက်လေသည်။

သားဖြစ်သူရဲ့ကားလေးခြံထဲကနေပျောက်ကွယ်သွားမှအိမ်ထဲပြန်ဝင်လာလေတော့အိမ်ပေါ်ထပ်ကနေယောက်ျားဖြစ်သူကဆင်းလာလေသည်။

"ဖေကြီးတောင်ဆင်းလာပြီ"

"ဖေကြီးအကြိုက်breakfastပြင်ထားတယ်"

"ဟုတ်ပါပြီဗျာ"

"သား ကော"

"ဖေကြီးသားကကျောင်းသွားခဲ့ပါပြီရှင်"

"ဟာ ဟုတ်လှချည်လားကွ"

"အခုတလောကျောင်းတတ်မှန်နေပါ့လား"

ဒဿလည်းကျတော်.....ရာမလည်းကျတော်Where stories live. Discover now