Part-5 to Part-6 Uni/Zawgyi

1.1K 16 0
                                    

ဒဿလည်းကျတော်.....ရာမလည်းကျတော်

Part-5

"ဟဲ့ ဝီလျံမနေ့ကစိမ်းဆိုတဲ့မိန်းမလုပ်တဲ့ပုံကောင်းရဲ့လား"

"နင်ကြည့်ပြောထားနော်ငါ့ရဲ့လက်ကလူမရွေးဘူးလို့"

"ငါ့သူငယ်ချင်းစိတ်ဆင်းရဲရလို့ကတော့နင်တို့တွေသေဖို့ပြင်ထား"

သွန်းကနွယ့်ကိုဆိုအရမ်းခင်တယ်ချစ်လည်းချစ်တယ်ငယ်ငယ်ကတည်းကနေအခုထိနွယ့်တစ်ယောက်ပဲပေါင်းလာတာဆိုတော့နွယ့်ကိစ္စကသူ့ကိစ္စလိုပဲအမြဲနွယ့်ဘက်ကပါလေ့ရှိသည်။

"ကဲပါသွန်းရယ်တော်ပါတော့"

"ငါပြောပြီးပြီနော်ဝီလျံ"

"အေးပါဟာ"

"အေးပါဟာဆိုပြီးပေါ့ပြက်ပြက်လုပ်မနေနဲ့"

"နွယ် ကိုတကယ်တောင်းပန်ပါတယ်ကွာ"

"စိမ်းကအဲ့လိုပဲသူကလိုလေသင့်မရှိကြီးပြင်းလာတာပြီးတော့မိဘတွေကလည်းတစ်ဉီးတည်းသောသမီးဆိုပြီးအရမ်းအလိုလိုက်တော့နည်းနည်းဆိုးနေတာပါနွယ်တို့နဲ့လည်းသိပ်မရင်းနှီးသေးလို့အဲ့လိုလုပ်လိုက်တာပါ"

"တော်ပါ မာနခေါင်ခိုက်နေတာဆိုမာနခေါင်ခိုက်နေတာပေါ့ဝင်္ကဝုတ္တိအလင်္ကာလိုသွယ်ဝိုက်မနေနဲ့"

"သွန်း ကလည်းငါတကယ်ပြောနေတာစိမ်းကစိတ်ထားလေးတော့ကောင်းပါတယ်"

"နွယ်နင့်ရှေ့မှာနင့်ရည်းစားကသူများကောင်းကြောင်းလာဖွဲ့နေတာနော်"

မလှုပ်မယှက်လုပ်နေသည့်နွယ့်ကိုသာကိုင်ပေါက်ပြစ်လိုက်ချင်တော့သည်။သူကသာဘေးကနေလိုက်ပြောနေရတာနွယ့်ဘာမှကိုဝင်မပြောသေးပေ။

"ကဲမိနွယ်နင့်ဘာသာကြည့်ပြောတော့ငါသွားပြီဒီနားနေရတာအကုသိုလ်များတယ်"

"နွယ်ကိုပြောတာကြားလား"

"နွယ်နားမကန်းသေးဘူး"

"ကိုကသူ့ဘက်ကပါပြီးပြောတာမဟုတ်ပါဘူးကွာ"

"ကို နွယ့်ကိုတကယ်ကောချစ်သေးရဲ့လား"

"ဟာ နွယ်ရာဘယ်လိုမေးလိုက်တာလည်း"

"ကိုဘဝမှာနွယ်တစ်ယောက်ထဲကိုပဲချစ်တာကိုရဲ့အရာရာတိုင်းကနွယ်ပါပဲကွာ"

ဒဿလည်းကျတော်.....ရာမလည်းကျတော်Where stories live. Discover now