Part-7 to Part-8 Uni/Zawgyi

1K 20 0
                                    

ဒဿလည်းကျတော်.....ရာမလည်းကျတော်

Part-7

"သား"

"ဟင် မေမေ"

နွယ်နဲ့လျှောက်လည်ရင်းဗိုက်စာတာနဲ့ဆိုင်တစ်ခုမှာဝင်စားရင်းမေမေနဲ့တိုးလေသည်။

"သားရဲ့အရေးကြီးကိစ္စဆိုတာဒါလား"

"ဟို မေမေ သား ရှင်းပြပါမယ်"

"သူကဘယ်သူလည်း"

"ဟိုသူကနွယ်ပါသားချစ်သူပါ"

"ဘာ သားရဲ့ချစ်သူ"

"ဟုတ် ဟုတ်ပါတယ်"

"မဖြစ်သင့်ဘူးလုံးဝကိုမဖြစ်သင့်ဘူး"

"ဒီမှာ သားကိုမေမေပြောပြီးသားနော်သားလက်ထက်ရမယ့်သူကသမီးစိမ်းလေးပဲဆိုတာ"

"ဟာ မေမေ"

နွယ့်ရှေ့မှာပြောလိုက်တဲ့မေမေရဲ့စကားကြောင့်နွယ့်ကိုအားနာပေမယ့် မေမေကတော့ဒီအတိုင်းဆက်ပြောနေရင်ဒီထက်ပိုဆိုးဖို့ပဲရှိတာကြောင့်မေမေ့ကိုအရင်ခေါ်ထုပ်ရလေသည်။

"မေမေ သားအိမ်ရောက်ရင်ရှင်းပြပါ့မယ်"

"အခုကတစ်ခြားသူတွေလည်းရှိနေတယ် မေမေအခုတော့ပြန်လိုက်ပါနော်"

"ဒေါ်ရွှေဇင်ထက်လည်းဘေးကိုကြည့်လိုက်ပြီးကောင်းပြီလေအိမ်ရောက်ရင်ဆက်ပြောကြတာပေါ့"

"အခုတော့မေမေသွားမယ်"

ဒေါ်ရွှေဇင်ထက်လည်းထွက်သွားရောနွယ်ကတော့ခုံပေါ်ကိုအရုပ်ကြိုးပျက်ထိုင်ချလိုက်လေသည်။

အခုနကထိန်းထားတဲ့မျက်ရည်တွေကလည်းအလိုက်မသိစွာစီးဆင်းလာတော့လေသည်။

"နွယ်"

"နွယ်မငိုပါနဲ့ကွာ"

"ကို့ မေမေကနွယ်တို့ကိုသဘောမတူဘူးတဲ့ကို့ကိုစိမ်းနဲ့ပေးစားမှာတဲ့"

"အဟင့် အဟင့်"

"အဲ့ဒါကမေမေ့သဘောပါကို ကနွယ့်တစ်ယောက်ထဲကိုပဲယူမှာနွယ့်ကိုပဲချစ်တာပါကွာ"

"ကိုတကယ်ပြောတာလားဟင်"

"ကို ကနွယ့်ကိုဘာလို့ညာရမှာလည်း ကိုတကယ်ပြောတာပါကွာ"

ဒဿလည်းကျတော်.....ရာမလည်းကျတော်Where stories live. Discover now