Part-3 to Part-4 Uni/Zawgyi

1.1K 18 0
                                    

ဒဿလည်းကျတော်.....ရာမလည်းကျတော်

Part-3

ဒီနေ့ကဆယ်တန်းအောင်စာရင်းထွက်မည့်နေ့....

စစ်ပိုင်အမေတစ်ယောက်စိတ်ပူနေလေသည်။အောင်စာရင်းသွားကြည့်နေသည့်သားကအခုထိပြန်မလာသေး။ကိုယ်တိုင်ကလည်းလိုင်းပေါ်ကနေကြည့်ဖို့မရဲပေ။

ဟိုလူဖုန်းဆက်မေးဒီလူဖုန်းဆက်ဖြစ်မှာဆိုးလို့ဖုန်းကိုဆက်ပါပိတ်ထားလိုက်သည်။

"သားကစာမေးပွဲဖြေကာနီးကျမှသူ့ရဲ့အချစ်ဆုံးအဖိုးကအသည်းအသန်ဖြစ်တာဆိုတော့ဂျာမနီကိုဆိုင်းမဆင့်ဗုံမဆင့်လိုက်သွားရလေသည်။အဲ့ဒါကြောင့်စာမေးပွဲကိုကောင်းကောင်းမဖြေနိုင်မှာစိုးရိမ်ရသည်လေ။

အဲ့ဒါကြောင့်သား များလွဲလွဲချော်ချော်တွေဖြစ်ခဲ့မလားဆိုသည့်အတွေးကြောင့်အားလုံးကိုခနသာအဆက်အသွယ်ဖြတ်ထားလိုက်ပြီးသားစစ်ကိုပင်မျှော်နေမိသည်။

"သမီးရယ်မြေးလေးကထူးထူးချွန်ချွန်နဲ့ကိုအောင်မြင်မှာလို့မေမေတော့ယုံကြည်တယ်သမီးလည်းစိတ်အေးအေးထားပါကွယ်"

"မနက်စာလေးတော့စားလိုက်ပါအုံး"

"သမီးလည်းယုံကြည်ပါတယ်မေမေရယ်ဒါပေမဲ့"

"ကဲပါထမင်းလေးတော့လာစားလိုက်အုံး"

"ဟုတ်ကဲ့ပါမေမေ"
~~~~~~~~~~~~~~~~~~~~~~~~~~~
ကားသံကြားတာကြောင့်...

"ဟော် သားပြန်လာပြီထင်တယ်"

အိမ်ထဲကိုခေါင်းငိုက်စိုက်ချကာဝင်လာသည့်သားဖြစ်သူကြောင့်ဒေါ်ရတနာရင်တမ မနဲ့ပဲမေးနေမိသည်။

"သားအောင်တယ်မလားဟင်"

ဘာမှပြန်မပြောပဲဝင်သွားသည့်စစ်ပိုင်ကြောင့်အနောက်မှလိုက်ကာ...

"သားမာမီမေးနေတယ်လေ"

"မြေးလေးဖြေအုံးလေ"

"ဖွားတို့မေးနေတယ်လေ"

ဘာမှပြန်မပြောပဲအခန်းတံခါးကိုစောင့်ပိတ်ကာဝင်သွားလေသည်။

ဒေါ်ရတနာရဲ့မျက်နှာပေါ်မှာတော့မျက်ရည်မိုးများရွာချလေပြီလေ။

ဒဿလည်းကျတော်.....ရာမလည်းကျတော်Where stories live. Discover now