နောင်တတဲ့ တကယ်ကိုစကားနှစ်လုံးလေးထဲနဲ့လူတယောက်လုံးရဲ့ဘဝကိုသေအောင်သတ်နိုင်ပါလား။
နောင်တဆိုတာနောက်မှရတာတဲ့ ထိုစကားကိုတော့လူသားတယောက်ဟာယုံကြည်သွားခဲ့လေပီ။ထိုလူသားမှာတခြားသူတော့မဟုတ်။Gemini Norawitပင်ဖြစ်လေသည်။
နောင်တရလည်းပြန်ပြင်လို့ပင်မရတဲ့အတိတ်တခုဖြစ်သွားတာကြောင့် Geminiတယောက်နောင်တရယုံမှတပါး လုပ်နိုင်တာမရှိ။
ကုမ္ပဏီအဆောက်အအုံရဲ့ထိပ်ဆုံးမှာရှိတဲ့ CEOရုံးခန်းတွင်Geminiတယောက် မှန်ဖြင့်ကာထားသောရုံးခန်းထဲမှ အပြင်ဘက်ကိုအကြောင်းအရင်းမရှိစွာငေးကြည့်နေမိ၏။ဒီနေ့မှရာသီဉတုဟာလည်း အုံ့မှိုင်းနေကာ geminiအားအတိတ်ကအရာများကိုသတိရအောင်နှိုးဆော်နေသလိုပင်။ရာသီဉတုကတောင်ကိုယ့်ဘက်မပါတော့geminiတယောက်တွက်သိပ်ကိုရှင်သန်ဖို့ခက်ခဲသလိုပင်ဖြစ်နေလေသည်။
Geminiတယောက်အုံ့မှိုင်းနေတဲ့ကောင်းကင်ပြင်ကြီးကိုကြည့်ကာ တချိန်ကမိုးရွာရင်သိပ်ကိုသဘောကျတဲ့လူတယောက်ကိုပြေးသတိရမိသည်။
**ဘယ်ဆီများရောက်နေတာလဲ ကလေးငယ်။မင်းလေးက သိပ်ကိုအပုန်းကောင်းတာဘဲကလေးငယ်ရယ်**
_________//_________//__________//_________
ဘန်ကောက်မြို့ရဲ့သေးငယ်သောရပ်ကွက်တခုမှာရှိတဲ့အိမ်ငယ်လေးတခုတွင်လည်း အုံ့မှိုင်းနေသော ကောင်းကင်ပြင်ကြီးကိုအကြောင်းရင်းမဲ့စွာငေးကြည့်နေသော ကောင်ငယ်လေးတယောက်ရှိလေသည်။
**ကိုကိုရယ် အခုတော့ကိုကိုလည်းကိုကိုချစ်တဲ့သူနဲ့ပျော်နေရောပေါ့။အစားရောသေချာစားရဲ့လား။အရင်လိုအလုပ်တွေဘဲဖိလုပ်နေသလား။နေမကောင်းများဖြစ်ရင်ဆေးရောသေချာသောက်ရဲ့လား။ကျနော့်ကိုရောသတိရရဲ့လား။ကိုကိုတော့ကျနော့်ကိုသတိရ မရ မသိပေမဲ့ ကျနော်ကတော့ကိုကို့ကို သတိမရတဲ့အချိန်ကိုမရှိဘူး**
ကောင်ငယ်လေးရဲ့ငွေ့ရည်ဖွဲ့နေတဲ့မျက်လုံးဝိုင်းလေးများတွင် ဝမ်းနည်းမှုတွေကိုအတိုင်းတားမြင်နေရသည်။
ထိုချိန်~
''ပါး~''
''ပါး!!''
![](https://img.wattpad.com/cover/368369771-288-k846033.jpg)
YOU ARE READING
Untitled Of Love
FanfictionကဲGeminifourth Ficအသစ်လေးနဲ့ပြန်လာပါပီနော် အားလုံးဘဲဖတ်ပေးကြပါအုံး စိတ်ကူးယဉ်သပ်သပ်နဲ့ရေးသားခြင်းဖြစ်ပါတယ် idolတွေကိုထိခိုက်လိုစိတ်မရှိပါဘူးနော်😚