Fourthအနောက်ကိုလှည့်ကြည့်လိုက်တော့ တွေလြိုက်ရတဲ့မြင်ကွင်းကြောင့်အံ့သြမင်သက်နေမိတော့သည်။suitအပြည့်အစုံကိုဝတ်ဆင်ထားပီးဆံပင်ကိုသေသပ်စွာသပ်တင်ထားသည်။ဖြောင့်စင်းသောနှာတံ ထူထဲနေတဲ့မျက်ခုံး ရှည်လျားလှသော အရပ်အမောင်း ရင်အုပ်ကျယ်ကျယ် တကယ်ကိုခန့်ညားတဲ့သူတယောက်ဖြစ်ပေသည်။fourthသာ ထိုလူကိုမလှုပ်မယှက်သာကြည့်နေမိသည်။တဆက်ထဲမှာဘဲသူ(fourth)ရဲ့နှလုံးသားလေးဟာ ပထမဆုံးအနေဖြင့်ခုန်ခဲ့မိသည်။
ထိုအချိန်တဖက်လူမှအသံထွက်လာခဲ့သည်။
''ညီ~ညီ''
''ဗျာ ဗျာ''
''ကိုယ်က pealနဲ့လာတွေ့တာပါ သူဘယ်မှာရှိလဲသိလား''
''အော် ဟုတ် မမက ဧည့်ခန်းဘက်မှာရှိပါတယ်ဗျ။ကျနော်လိုက်ပို့ပေးမယ်နော်''
''ဟုတ်ပါပီကွာ''
''ကျနော့်နောက်က လိုက်ခဲ့ပါနော်''
fourthအရှေ့ကိုလျှောက်ထွက်လာတဲ့ချိန်နောက်ကနေသူ့လက်ကို လှမ်းဆွဲလိုက်တာကြောင့် လျှောက်နေရာက ရပ်မိသွားသည်။
''ဟုတ် ဘာဖြစ်လို့လဲဗျ''
fourthမေးလိုက်သည်။
''ကိုယ်နာမယ်က Gemini Norawitပါ တွေ့ရတာဝမ်းသာပါတယ်''
''ဟုတ် fourth Nattawat ပါ တွေ့ရတာဝမ်းသာပါတယ်။
နှုတ်ဆက်ပီးသည်ထိ geminiသည်fourthလက်အားမလွှတ်သေးတာကြောင့်
''ဟိုလေ ကျနော့်လက်ကိုလွှတ်ပေးလို့ရပီလားဗျ''
''အာ ဆောရီးနော် ''
''ရပါတယ်ဗျ''
လှည့်ထွက်ဖို့ပြင်တဲ့ချိန်
''ခန''
''ဟုတ်ဘာဖြစ်လို့လဲဗျ''
ဘာမှမဖြေဘဲ geminiကတဖြေးဖြေးတိုးကပ်လာတာကြောင့်fourthနောက်ကိုဆုတ်လိုက်မိသည်။geminiက fourthရဲ့ခေါင်းပေါ်ကျနေတဲ့သစ်ရွက်လေးကို အသာအယာဖယ်ပေးလိုက်သည်။
''ရပီ။''
''ဟုတ်..ဟုတ် ကျေးဇူးပါဗျ''
''...''
''ဟို ကျနော်တို့သွားရအောင်လေ။''
fourthသတိထားမိပါသည်။သူ့နှလုံးသားဟာမရပ်မနားခုန်ပေါက်နေသည်ကို ဒီလိုထပ်ခုန်ပေါက်နေရင် ကိုကိုကြားသွားလိမ့်မည်။တခြားသူကြားရင် ဘာမှမဖြစ်ပေမဲ့ ကိုကိုကြားသွားမည်ကိုတော့သူစိုးရိမ်မိ၏။
YOU ARE READING
Untitled Of Love
FanfictionကဲGeminifourth Ficအသစ်လေးနဲ့ပြန်လာပါပီနော် အားလုံးဘဲဖတ်ပေးကြပါအုံး စိတ်ကူးယဉ်သပ်သပ်နဲ့ရေးသားခြင်းဖြစ်ပါတယ် idolတွေကိုထိခိုက်လိုစိတ်မရှိပါဘူးနော်😚