ညနေပါတီပွဲမှာ fotတယောက်သူ့ကိုဂရုစိုက်ပေးထဲ့တဲ့p'vee p'satang p'killတို့နဲ့ပျော်ရွှင်စွာစကားပြောနေလေသည်။fotတကယ်ကိုပျော်ရွှင်နေမိပါသည်။ဘာလို့လဲဆိုရင် p'satangတို့သုံးယောက်က သူ့အားကလေးတယောက်လိုဆက်ဆံပြောဆိုပီး ဂရုစိုက်ပေးနေတာကြောင့်ပင်ဖြစ်သည်။p'satangကဟာသဉာဏ်ရွှင်ကာဖော်ရွေသည်။p'killကတော့နဲနဲရင့်ကျက်တယ်။စကားပြောတည်ငြိမ်တယ်။အကယ်၍သူ(fourth)သာp'gemကိုမတွေ့ခဲ့ရင် ကျိန်းသေပေါက် p'killကိုသဘောကျမိမှာအမှန်ပင်။နောက်ဆုံးတယောက်ကတော့ p'veeသူကတော့ အကြီးဆုံးအကိုကြီး စကားပြောဖော်ရွေတယ် စနောက်တယ်။သူတို့သုံးယောက်ဟာfotကိုတော့အရမ်းဂရုစိုက်ပေးကြပါသည်။
fourthတယောက်တွေးနေတူန်းမှာဘဲ တယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရတာကြောင့် အနောက်လှည့်ကြည့်မိလိုက်သည်။ထိုချိန်တွင် စူးရှသောမျက်လုံးတွေနဲ့ဒေါသထွက်နေပုံပေါ်သည့်p'gemနဲ့အကြည့်ချင်းစုံမိသွားသည်။fotလန့်မိသွားသည်။p'gemက သူ့ကိုဒေါသထွက်နေသည့်ပုံဖြင့်စိုက်ကြည့်နေသည်။
fotတကယ်မသိတော့ပေ။p'gemဘာကိုဒေါသထွက်နေသနည်း။သူဖြင့်ဘာမှတောင်မလုပ်ရသေးဘဲ။fotလည်းသူ့ကိုအကြည့်မပြတ်စိုက်ကြည့်နေတဲ့သူကြောင့် အရှေ့ကိုသာပြန်လှည့်ပီးp'satangတို့နဲ့စကားဆက်ပြောနေလိုက်တော့သည်။
______//______
Geminiတယောက်တကယ်ကိုဒေါသထွက်လာသည်။အကြောင်းရင်းကိုပြောဆိုရင် သူခေါင်းသာခါပြမိလိမ့်မည်။သူလည်းသူကိုယ်တိုင်ဘာဖြစ်ချင်နေမှန်းမသိ။fourthကိုတခြားသူတွေနဲ့ပျော်ရွှင်နေတာကိုသူမမြင်ချင်။သူ့သူငယ်ချင်းတွေဖြစ်နေရင်တောင်ပေါ့။
အခုလည်းသူ(gemini)ကိုမမြင်ချင်ယောင်ဆောင်ပီးတောင်အရှေ့ကိုပြန်လှည့်သွားကာစကားပြောပီးပြုံးပျော်နေသောအကောင်ပေါက်လေးကြောင့် ဒေါသကနှစ်ဆ။
geminiတယောက်စိတ်တိုကာဘေးနားကရှိတဲ့အပြင်းစားဝိုင်တွေတခွက်ပီးတခွက်သာသောက်နေမိတော့သည်။ဒါကိုမြင်တဲ့pealက
''မောင် ဘာလို့အဲ့လောက်တောင်သောက်နေရတာလဲ။စိတ်ညစ်စရာရှိလို့လား။''
YOU ARE READING
Untitled Of Love
FanfictionကဲGeminifourth Ficအသစ်လေးနဲ့ပြန်လာပါပီနော် အားလုံးဘဲဖတ်ပေးကြပါအုံး စိတ်ကူးယဉ်သပ်သပ်နဲ့ရေးသားခြင်းဖြစ်ပါတယ် idolတွေကိုထိခိုက်လိုစိတ်မရှိပါဘူးနော်😚