•WONWOO'S POV•
၁၉၆၂ ခုနှစ်၊ ဆိုလ်းမြို့။
"အဖွား.. ကျူးလစ်အဖြူရောင် တစ်စီးလောက်လိုချင်လို့ပါ"
"အေးကွယ် ခဏစောင့်"
ကျူးလစ်တွေကို သေသေချာချာစီးပေးနေသည့် အဖွားကို ကျေးဇူးတင်လိုက်ကာ ပိုက်ဆံရှင်းပြီး ဝေါန်နူး ပန်းဆိုင်မှထွက်ခဲ့လိုက်သည်။
ပလတ်ဖောင်း အညိုရောင်လေးပေါ်တွင် လမ်းလျှောက်နေရင်းမှ လမ်းမပေါ်တွင်ပျော်ပျော်ရွှင်ရွှင်ပြေးလွှားကစားနေသည့် ကလေးတွေနှင့်အတူ၊ ဖြေးဖြေးမှန်မှန်မောင်းလာသည့် ဘတ်စ်တွေနှင့်အတူ jeep တွေလည်းရှိနေသည်။
တစ်ဦးစ နှစ်ဦးစ လူတွေဟာလည်း သူ့လိုမျိုး ပလတ်ဖောင်းပေါ်တွင် လမ်းလျှောက်နေကြသည်။
တဖြည်းဖြည်းလျှောက်လာရင်းဖြင့် သူရောက်လာသည့်နေရာမှာ မျက်ခင်းစိမ်းစိမ်းတွေရှိသည့် သင်းချိုင်းတစ်ခု။အဖြူရောင်အုတ်တုံးလေးရှေ့ရပ်လိုက်ပြီး ကျူးလစ်အဖြူရောင်လေးကိုလည်း ထိုအုတ်တုံးလေးရှေ့တွင်ချလိုက်သည်။
ရင်ထဲမှခံစားချက်တွေဟာ တလှိမ့်လှိမ့်ဖြင့် အပေါ်သို့တက်လာချိန် မျက်မှန်အောက်ကမျက်ဝန်းမှ မျက်ရည်နွေးနွေးဟာ ဝေါန်နူးပါးပေါ်ကျလာသည်။"တောင်းပန်ပါတယ်..ပြီးတော့..ချစ်တယ်"
မျက်ရည်တွေကို ကျဆင်းခွင့်ပေးလိုက်ပြီး အုတ်ဂူလေးပေါ်မှ နာမည်လေးကိုကြည့်ကာ သူပြောနေကြစကားတစ်ခွန်းကိုပြောလိုက်သည်။
လက်သီးကိုလည်းတင်းတင်းဆုပ်ထားမိပြီး ဝေါန်နူးမျက်ရည်တွေဟာလည်း ထိန်းမရအောင် ကျနေခဲ့သည်။အုတ်ဂူလေးရှေ့ဒူးထောက်ထိုင်ချလိုက်ရင်း အကျည်းတန်စွာ ငိုမိတော့ ဝေါန်နူး နောင်တတွေဟာ အဆမတန်မြင့်တက်လာရသည်။
"တောင်း..ပန်ပါတယ်..မင်"
ဝေါန်နူး ထပ်ခါထပ်ခါတောင်းပန်နေပေမယ့် သူ့ဘဝထဲကရော ဒီကမ္ဘာကြီးပေါ်ကပါ ထွက်သွားပြီဖြစ်သည့် ထိုသူက ဘယ်လိုမှသိနိုင်မည်မဟုတ်တော့ပေ။
'ကင်မင်ဂယူ / အသက် ၂၅
၂၈.၅.၁၉၆၀ တွင် ကွယ်လွန်သည်'_____________________________________
YOU ARE READING
𝐹𝑜𝑢𝑛𝑑 𝑦𝑜𝑢 𝐼𝑛 1958
Fanfiction"အကယ်၍ အကိုတို့နှစ်ယောက်သာ မတွေ့ဆုံခဲ့ကြဘူးဆိုရင် အကို မင်းကို ကယ်တင်နိုင်ခဲ့မယ်မလား မင်" •ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံချိန်က မလှပခဲ့ပေမယ့် ငါရဲ့ပထမဆုံးရင်ခုန်သံကိုတော့ မင်းကအပိုင်ယူနိုင်ခဲ့ပါတယ်• Found you in 1958 Written in Burmese [𝖬𝗂𝗇𝗐𝗈𝗇 𝖿𝖺...