•WONWOO'S POV• [ 1 ]

326 41 6
                                    

•WONWOO'S POV•

၁၉၆၂ ခုနှစ်၊ ဆိုလ်းမြို့။

"အဖွား.. ကျူးလစ်အဖြူရောင် တစ်စီးလောက်လိုချင်လို့ပါ"

"အေးကွယ် ခဏစောင့်"

ကျူးလစ်တွေကို သေသေချာချာစီးပေးနေသည့် အဖွားကို ကျေးဇူးတင်လိုက်ကာ ပိုက်ဆံရှင်းပြီး ဝေါန်နူး ပန်းဆိုင်မှထွက်ခဲ့လိုက်သည်။

ပလတ်ဖောင်း အညိုရောင်လေးပေါ်တွင် လမ်းလျှောက်နေရင်းမှ လမ်းမပေါ်တွင်ပျော်ပျော်ရွှင်ရွှင်ပြေးလွှားကစားနေသည့် ကလေးတွေနှင့်အတူ၊ ဖြေးဖြေးမှန်မှန်မောင်းလာသည့် ဘတ်စ်တွေနှင့်အတူ jeep တွေလည်းရှိနေသည်။

တစ်ဦးစ နှစ်ဦးစ လူတွေဟာလည်း သူ့လိုမျိုး ပလတ်ဖောင်းပေါ်တွင် လမ်းလျှောက်နေကြသည်။
တဖြည်းဖြည်းလျှောက်လာရင်းဖြင့် သူရောက်လာသည့်နေရာမှာ မျက်ခင်းစိမ်းစိမ်းတွေရှိသည့် သင်းချိုင်းတစ်ခု။

အဖြူရောင်အုတ်တုံးလေးရှေ့ရပ်လိုက်ပြီး ကျူးလစ်အဖြူရောင်လေးကိုလည်း ထိုအုတ်တုံးလေးရှေ့တွင်ချလိုက်သည်။
ရင်ထဲမှခံစားချက်တွေဟာ တလှိမ့်လှိမ့်ဖြင့် အပေါ်သို့တက်လာချိန် မျက်မှန်အောက်ကမျက်ဝန်းမှ မျက်ရည်နွေးနွေးဟာ ဝေါန်နူးပါးပေါ်ကျလာသည်။

"တောင်းပန်ပါတယ်..ပြီးတော့..ချစ်တယ်"

မျက်ရည်တွေကို ကျဆင်းခွင့်ပေးလိုက်ပြီး အုတ်ဂူလေးပေါ်မှ နာမည်လေးကိုကြည့်ကာ သူပြောနေကြစကားတစ်ခွန်းကိုပြောလိုက်သည်။
လက်သီးကိုလည်းတင်းတင်းဆုပ်ထားမိပြီး ဝေါန်နူးမျက်ရည်တွေဟာလည်း ထိန်းမရအောင် ကျနေခဲ့သည်။

အုတ်ဂူလေး‌ရှေ့ဒူးထောက်ထိုင်ချလိုက်ရင်း အကျည်းတန်စွာ ငိုမိတော့ ဝေါန်နူး နောင်တတွေဟာ အဆမတန်မြင့်တက်လာရသည်။

"တောင်း..ပန်ပါတယ်..မင်"

ဝေါန်နူး ထပ်ခါထပ်ခါတောင်းပန်နေပေမယ့် သူ့ဘဝထဲကရော ဒီကမ္ဘာကြီးပေါ်ကပါ ထွက်သွားပြီဖြစ်သည့် ထိုသူက ဘယ်လိုမှသိနိုင်မည်မဟုတ်တော့ပေ။

'ကင်မင်ဂယူ / အသက် ၂၅
၂၈.၅.၁၉၆၀ တွင် ကွယ်လွန်သည်'

_____________________________________

𝐹𝑜𝑢𝑛𝑑 𝑦𝑜𝑢 𝐼𝑛 1958Where stories live. Discover now