နိုဝင်ဘာလ ၁၉၅၉ခုနှစ်။
မနက်စောစောစီးစီးအိမ်ယာမှ ထထချင်း အခန်းအပြင်မှကြားလိုက်ရသည့် အသံကြောင့် ဝေါန်နူးလည်း ထကာ အပြင်ကိုထွက်ကြည့်လိုက်သည်။
"ဂျွန်ဝူယောင်းရှီး..ကျနော်တို့နဲ့ လိုက်ခဲ့မှရပါမယ်"
အပြင်တွင် လူငါးယောက်လောက်လောက်က အဖေ့ကို ခေါ်နေသည်။
ဘာတွေဖြစ်နေလဲကို သေသေချာချာကြည့်မိတော့ အဖေ့လက်နှစ်ဖက်တွင်ရှိနေသည့် လက်ထိပ်က ဝေါန်နူးကိုတွေဝေသွားစေသည်။"အဖေ.. ဘာတွေဖြစ်နေတာလဲ"
"သား အဖေခဏလောက်လိုက်သွားမှဖြစ်-"
"ဘာလို့ကျနော့်အဖေကိုဖမ်းတာလဲ!"
ဝေါန်နူးအနေနှင့် စိတ်တိုသွားသည်မှာအမှန်ပင်။
အဖေဟာ ရဲအရာရှိဟောင်းတစ်ယောက်လည်းဖြစ်သည့်အပြင် ရာဇဝတ်မှုလုပ်ရလောက်အောင် တိရစ္ဆာန်တစ်ကောင်သတ်ဖို့တောင် တွန့်ဆုတ်နေတတ်သူမှန်း ဝေါန်နူးအသိပင်။"ကျနော်တို့က ဂန်နမ်ရဲစခန်းက ရဲအရာရှိတွေပါ၊ ဂျွန်ဝူယောင်းရှီးက မြို့တော်ဝန်ရဲ့ကြင်ယာတော် မင်ဂါအွန်းကို သတ်တဲ့ပြစ်မှုနှင့် သံသယရှိသူအဖြစ် ဖမ်းစီးတာပါ"
"ဘာအဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာလဲ.."
စိတ်တိုတိုဖြင့် ရှေ့မှရဲအရာရှိရဲ့ အင်္ကျီကော်လံစကို ဝင်ဆွဲမိတော့ အဖေက သူ့ကိုအတင်းတားလာသည်။
"သား..စိတ်ကိုလျှော့လိုက်ပါ၊ အဖေမလုပ်ဘူးဆိုတာ ပြီးရင် အမှန်တရားကပေါ်လာမှာပါ၊ အဖေပြန်လာမှာမလို့ အိမ်နဲ့ဆိုင်ကိုလည်းသေချာကြည့်ပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်အုံး"
"အဖေမှမလုပ်တာ.. ဘာလို့အဖေက သူတို့နဲ့လိုက်သွားရမှာလဲ!!"
"အဖေပြန်လာခဲ့ပါ့မယ်"
သူဘာမှထပ်ပြောချိန်မရလိုက်ပါပဲ အဖေဟာ ထိုလူတွေနောက်ကိုလိုက်သွားရင်း ဝေါန်နူးကိုလည်းအပြုံးတစ်ခုဖြင့်ပြုံးပြသွားသေးသည်။
ခြံဝန်းထဲမှ သူတစ်ယောက်ထဲကျန်တော့ကာမှ ဝေါန်နူးလည်း စိတ်ပျက်လက်ပျက် ဒူးထောင်ကာထိုင်ချမိလိုက်သည်။
YOU ARE READING
𝐹𝑜𝑢𝑛𝑑 𝑦𝑜𝑢 𝐼𝑛 1958
Fanfiction"အကယ်၍ အကိုတို့နှစ်ယောက်သာ မတွေ့ဆုံခဲ့ကြဘူးဆိုရင် အကို မင်းကို ကယ်တင်နိုင်ခဲ့မယ်မလား မင်" •ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံချိန်က မလှပခဲ့ပေမယ့် ငါရဲ့ပထမဆုံးရင်ခုန်သံကိုတော့ မင်းကအပိုင်ယူနိုင်ခဲ့ပါတယ်• Found you in 1958 Written in Burmese [𝖬𝗂𝗇𝗐𝗈𝗇 𝖿𝖺...