"ဘာ ဘာလို့ ကျန့်ကျန့်ကိုညာရတာလဲ ဦး"
"ဟင် က ကလေးလေး ဘယ် ဘယ်လိုလုပ်ရောက်နေတာလဲ"
"ကျန့်ကျန့်မေးနေတာဖြေလေ ကျန့်ကျန့်မေးတော့ ဦးသူ့ကိုမသတ်ဘူးဆို အခု ဦးဖုန်းပြောနေတာကဘာတွေလဲ"
"မဟုတ်ဘူးကလေးလေး ဦးရှင်းပြမယ် ကလေးထင်သလိုမဟုတ်ဘူးနော် စိတ်အေးအေးထားကလေး"
"ဘာမှလာမရှင်းပြနဲ့ ကျန့်ကျန့်ကိုအိမ်လိုက်ပို့ပေး ဦးဝမ်ရိပေါ်"
"ဘာ ဘာ ပြောလိုက်တယ် ကလေးလေး ပြန်ပြောစမ်း"
"ကျန့်ကျန့်ကိုအိမ်ပြန်လိုက်ပို့ပေးလို့ ဦးဝမ်ရိပေါ်ဆီမှာမနေချင်တော့ဘူး"
"မဟုတ်ဘူး ကလေးလေး ကလေးညာနေတာမှတ်လား ကလေး ကလေးပဲ့ဦးအနားကမထွက်သွားဘူးလို့ကတိပေးထားတယ်လေ"
"အခု အခုထွက်သွားတော့မှာ မနေဘူး ဦးဝမ်ရိပေါ်နဲ့မနေဘူးလို့"
ကျန့်ကျန့်ပြောနေတဲ့စကားတွေကြားပြီးရိပေါ်တစ်ယောက် မျက်ရည်တွေဒလဟောစီးဆင်းလာခဲ့သည်။သူညာခဲ့တယ်ဆိုတာ သူ့အသည်းအသက်လေးခုလိုမုန်းသွားမှာ သူ့အနားမှာမနေချင်ပဲ့ထွက်ပြေးသွားမှာကြောက်လို့ပါ။အခုတော့ကံတရားကြီးကသူ့ကိုတကယ်ပဲ့မျက်နှာသာမပေးဘူးပဲ့။သူ့ရင်တွေကြေကွဲမတတ်ခံစားနေရပြီ။
"ကလေးလေးရယ် ဦး ဦးအနားကထွက်မသွားပါနဲ့နော် ဦးတောင်းပန်ပါတယ် ဒီလို ဒီလိုမျိုး လက်အုပ်ချီပြီးတောင်းပန်ပါတယ် ဦးအနားကထွက်မသွားပါနဲ့ ကလေးလေးသာထွက်သွားရင် ဦးသေမှာ ဦးရင်ကွဲပြီးသေမှာ အဲ့တာကလေးသိလား"
*ဦးရယ်ဦးကိုအခုလိုမျိုးမြင်ရတာကျန့်ကျန့်ရင်တွေနာလိုက်တာဗျာ* တကယ်တော့ကျန့်လေးဟာ ရိပေါ်လူသတ်လို့ရိပေါ်ကိုမုန်းလို့ ကြောက်လို့ထွက်သွားချင်တာမဟုတ်ခဲ့ဘူး။သူ့ကိုလိမ်ညာခဲ့လို့သာအခုလိုပြောနေရခြင်းပါ။ဦးလူသတ်သတ် မသတ်သတ် ကျန့်ကျန့်စိတ်မဝင်စားဘူး။ဦးကိုချစ်တော့ဦးအကြောင်းကျန့်ကျန့်အကုန်သိပါသည်။ဦးကသာကျန့်ကျန့်ကြောက်ပြီးမုန်းသွားမှာစိုးလို့သာ ဘာမှမပြောပြခဲ့တာ ဦးရဲ့ Dark side ကိုကျန့်ကျန့်အကုန်သိပါသည်။
YOU ARE READING
Only you (မင်းတစ်ယောက်သာ)
Fanfictionအရာရာကိုသွေးအေးရက်စက်လွန်းပြီး တရုတ်ပြည်ရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အသက်အရွယ်အားဖြင့် (၂၈)နှစ်ရှိပြီသော်ငြား ဘယ်မိန်းကလေးမှစိတ်မဝင်စားပဲ ကလေးငယ်တစ်တည်းကိုပဲရင်ခုန်ခဲ့ရသူ မားဖီးယားကြီး ဦးဝမ်ရိပေါ် မိခင်နှင့်အတူ အထည်ဆိုင်လေးဖွင့်ကာ အေးအေးချမ်း...