ရိပေါ်လည်းရေမိုးချိုးပြီးတာနဲ့ အဝတ်အစားလဲလိုက်ကာ
"ကလေးငယ်"
"ဗျာ"
"လာ ဆန်ပြုတ်သောက်ရအောင်"
"ဟုတ်ကဲ့ပါဦး"
"လိမ်မာလိုက်တာကွာ"
"ဦး ဦး ကျန့်ကျန့်ကိုTVဖွင့်ပေး ကျန့်ကျန့်TV ကြည့်ချင်လို့"
"ဟုတ်ပါပြီဗျာ"
ရိပေါ်လည်းကျန့်ကျန့်လေးကို TV ဖွင့်ပေးလိုက်ကာ ဆန်ပြုတ်ကိုခွံ့ကျွေးလိုက်လေသည်။ကျန့်ကျန့်လေးလည်း TV Line တွေကို remove control နဲ့ တစ်ခုပြီးတစ်ခုပြောင်းပစ်နေလေသည်။ထိုစဉ် သတင်းမီဒီယာတစ်ခုတွင် ကြေညာေနသည့်သတင်းက
("အခုညပြောပြပေးချင်တဲ့သတင်းကတော့ ဟွားအိမ်တော်ရဲ့သခင်မလေးဟွားရင်ဟာ ရေချောင်းထဲသို့ခုန်ချသတ်သေခဲ့ပါတယ် သူမကို အခုည၇နာရီအချိန်တွင် (..........)ချောင်းမှာ (.............)ကတွေ့ရှိခဲ့ပြီး ရဲဌာနသို့အကြောင်းကြားခဲ့တာဖြစ်ပါတယ် အခုတော့စစ်ဆေးချက်များအရ ဟွားသခင်မလေးဟာ သူမရဲ့အိမ်တွင်းမှုအခြေအနေများကြောင့် မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ထင်မြင်ချက်တွေချမိပါတယ်ရှင်")
ထိုသတင်းတွေကြည့်ကာ ကျန့်ကျန့်လေးမှာတော့ ပါးစပ်လေးဟလျက်အံ့ဩလို့ ရိပေါ်ကတော့နှုတ်ခမ်းတွေကောညွှန့်နေအောင်ပင်ပြုံးနေမိသည်။
မှတ်ထား ဟွားရင် အဲ့တာ မထိသင့်တဲ့သူကိုထိရဲတဲ့မင်းရဲ့သတ္တိအတွက် ဂုဏ်ပြုပေးတဲ့နောက်ဆက်တွဲအကျိုးဆက်ပဲ့ ကျန်တာထိရင်ငါသည်းခံနိုင်တယ် ငါ့ကလေးငယ်ကိုထိရင် ငါသည်းခံနိုင်မှမဟုတ်ဘူး မင်းကြောင့် ငါ့ကလေးကငါ့ရဲ့အမှောင်ဘက်ခြမ်းကိုရိပ်မိတော့မယ် သေတာတောင် ကောင်းကျိုးမပေးတဲ့မိန်းမ အခုတော့ မင်းဝိဉာဉ်ကိုလည်းငါချုပ်ကိုင်ထားပြီးပြီ အခုတော့ မင်းကငါထားရာနေစေရာသွားရမဲ့နယ်ရုပ်သာသာပဲ့ရှိတယ်
(သာသာဒီဇာတ်လမ်းထဲမှာပရလောကအကြောင်းလေး အနည်းငယ်ထည့်ချင်ပါတယ်နော် ကြောက်တတ်သူများ ဒါမှမဟုတ် အယုံအကြည်မရှိသူများကျော်သွားလို့ ရပါတယ်နော်)
YOU ARE READING
Only you (မင်းတစ်ယောက်သာ)
Fanficအရာရာကိုသွေးအေးရက်စက်လွန်းပြီး တရုတ်ပြည်ရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အသက်အရွယ်အားဖြင့် (၂၈)နှစ်ရှိပြီသော်ငြား ဘယ်မိန်းကလေးမှစိတ်မဝင်စားပဲ ကလေးငယ်တစ်တည်းကိုပဲရင်ခုန်ခဲ့ရသူ မားဖီးယားကြီး ဦးဝမ်ရိပေါ် မိခင်နှင့်အတူ အထည်ဆိုင်လေးဖွင့်ကာ အေးအေးချမ်း...