အပိုင်း-၄

1.6K 98 5
                                    

"ရှောင်းရှောင်းကျန့်"

"ဗျာ အတန်းခေါင်းဆောင်"

ဟွားရင်တစ်ယောက်ထမင်းစားဖို့ ထမင်းစားခန်းထဲလာရင်း ရှောင်းကျန့်ကိုမြင်တော့ မနာလိုစိတ်ကထိန်းလို့မရတော့ပေ။ ဘာလို့မှန်းမသိ ထိုကောင်လေးကိုမြင်ရင် ဟွားရင်စိတ်ထဲဘာကိုဒေါသထွက်လို့ထွက်မှန်းမသိပေ။ သေချာတာကတော့ သူ့စိတ်ထဲ ရှောင်းကျန့်လေးအပေါ်မနာလိုစိတ်က ကြီးစိုးနေတော့သည်။

စင်စစ် ဟွားရင်ဟာ ဟွားအိမ်တော်က သခင်မလေးဖြစ်ပြီး အလွန်မောက်မာရိုင်းစိုင်းသူတစ်ယောက်ပါ။ စာတော်ပြီးရုပ်ချောသလောက်ဘဝင်ကအတော်မြင့်သလို မာနကလည်းကြီးပါတယ်။ သူ့ထက်သာတဲ့သူကိုတွေ့ရင်လည်း နှိမ်ချပြီး အနိုင်ကျင့်တတ်ပါသေးတယ်။ ဒါပေမဲ့ သူလုပ်သမျှကိုဘယ်သူမှပြန်မပြောရဲကြပေ။ဘာလို့ဆို သူကလုပ်ပြီးရင်နှုတ်ပိတ်ခဲ့ခြင်းကြောင့်ဖြစ်လေသည်။

ဒီလောက်ငယ်ငယ်နဲ့ဆိုးသွမ်းနေတဲ့ကလေးမလေးကို ဘယ်သူကမှမသွန်သင်မဆုံးမပဲ့အားပေးအားမြှောက်သာ လုပ်ပေးခဲ့လေသည်။ဒါကြောင့်လည်း သူမဟာ တစ်စထက်တစ်စ ထိန်းချုပ်ဖို့ပင်ခက်လာလေတော့သည်။

"ငါ့ကိုထမင်းသွားယူပေးစမ်း"

"ဘာလို့ ကျန့်ကျန့်ကနင့်ကိုထမင်းသွားယူပေးရမှာလဲ"

"နာဟီး နင်"

"ပြောလေ ဘာဖြစ်လို့လဲ ဟွားရင် နင့်စိတ်ကဘယ်လိုရှိလဲ ငါကကြိုမြင်နေရပြီးသား နင့်အကြောင်းတွေလည်းအကုန်သိတယ် လူစုံတုန်းဖော်လိုက်မှ အရှက်ကွဲတဲ့အပြင် အတန်းခေါင်းဆောင်ဆိုတဲ့ဂုဏ်ပုဒ်ပါဖြုတ်ခံထိမယ် အဲ့တော့ ကိုယ့်နေရာနဲ့ကိုယ်နေ ကျန့်ကျန့်ကိုလက်ဖျားနဲ့တောင်ထိဖို့မကြိုးစားနဲ့"

"ဟားဟား ရီစရာကောင်းလိုက်တာနော် မင်ကအခုဘာနဲ့တူလဲ သိလား နာဟီး နင်ကအခုရှောင်းရှောင်းကျန့်ရဲ့ကျွန် ဖြစ်နေပြီ ဟားဟားဟား"

"ပြီးတော့ ရှောင်းကျန့် နင့်အမေကအပေါစားအထည်ဆိုင်ပိုင်ရှင်ဆို နင့်အမေဆိုင်ကို ငါရောက်ဖူးပါတယ် အကုန်အပေါစားတွေချည်း အေးလေ အပေါစားသားအမိပဲ့ဟာ ဒီလောက်တော့ရှိမှာပေါ့"

Only you (မင်းတစ်ယောက်သာ)Where stories live. Discover now