Part 1(U+Z)

17.4K 397 7
                                    

Unicode

''မရဘူး! ကျွန်တော်လက်မခံဘူးDaddy! ''

တိတ်ဆိတ်လှတဲ့အိမ်တော်ကြီးထဲ 19 နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ဒေါသနဲ့အသံဟာဟိန်းထွက်သွားတယ်။

''လက်မခံလို့မရဘူးသား အဖေတို့ရုံးတက်လက်မှတ်ထိုးပြီးပြီ ဒီနေ့ပဲသူတို့ အဖေတို့အိမ်တော်ကိုပြောင်းလာလိမ့်မယ်''

ဝုန်း!!

ဧည့်ခန်းထဲက သစ်သားနဲ့ပြုလုပ်ထားတဲ့စားပွဲတစ်လုံးကိုကန်ထုတ်လိုက်တဲ့အသံက အိမ်တော်အပြင်မှာရပ်နေတဲ့ အစေခံတွေတောင် တွန့်သွားတဲ့အထိ

''ဦးစိုးမိုးရာဇာ! ကျုပ်အမေသေသွားတာတစ်လမပြည့်သေးဘူး ခဗျားကနောက်မိန်းမအိမ်ပေါ်ခေါ်တင်တယ်တဲ့လား! ခဗျားလုပ်ရပ်တွေအရမ်းမှန်နေတယ် ထင်နေလားဦးစိုးမိုးရာဇာ!!!''

''Daddyလုပ်ရပ်ကမှန်မနေဘူးဆိုတာDaddyသိတယ် ဒါပေမဲ့..''

''ဒါပေတွေ မဲ့ မနေနဲ့ မာမီ သေသွားတာတစ်လတောင်မပြည့်သေးပဲ မယားငယ် အိမ်ပေါ်ခေါ်တင်တယ်ဆိုထဲက ခဗျားတို့ဘယ်အချိန်ထဲကခိုးစားနေလဲမှမသိတာ ချမ်းသာတဲ့လူမြင် ခြူစားချင်တဲ့ ဖာတန်းကဖာသယ်မတွေ မြန်မာနိုင်ငံထဲတော်တော်ပေါလာတာပဲ ခဗျားခေါ်လာရင် ခေါ်လာတဲ့မိန်းမမှန်သမျှအကုန်ရိုက်သတ်ပစ်မယ်!''

'' မုန်းတိုင်းဒဏ်! ''

မုန်တိုင်းခပ်မဲ့မဲ့ပြုံးလိုက်ပြီး သူ့အဖေမျက်လုံးကိုစေ့''ကြည့်လိုက်တယ်

''အဟက်! ဘာလဲအနာပေါ်တုတ်ကျသွားလား''

ဦးစိုးမိုးရာဇာ စိတ်ကိုအတတ်နိုင်ဆုံးလျော့လိုက်တယ် ။ အသက်ကိုဖြည်း''ချင်းရူရင်း သားဖြစ်သူကိုအတတ်နိုင်ဆုံးချော့ပြောဖို့လုပ်ရတော့တယ် ။

''လွှမ်းက အဲ့ဒီလို လူမျိုးမဟုတ်ဘူး ပြီးတော့ သူကမိန်းကလေးမဟုတ်ဘူး ယောက်ကျားလေးပဲ''

'' ဘာဗျ! ''

အံ့သြလွန်းလို့ဘာမှမပြောနိုင်တဲ့အထိမုန်တိုင်းငြိမ်သွားရတယ် ။ သူသိပ်ချစ်တဲ့သူ့အဖေက သူငယ်ငယ်ထဲက လေးစားရတဲ့သူ့အဖေက ခုတော့ အမေသေတာတောင်တစ်လမပြည့်သေးပဲ ယောကျာ်းတစ်ယောက်ကိုလက်ထပ်ယူပြီးအိမ်ပေါ်ခေါ်တင်မယ်တဲ့လား အဟား....။

Depending On The Heart (Complete )Where stories live. Discover now