Part 19🔞🔞(U+Z)

9.8K 185 1
                                    

6.9.2023...မနက် 9နာရီ45 မလေးရှားမှ မြန်မာနိုင်ငံသို့လေယာဉ်စိုက်ချိန်....

မုန်တိုင်းသတင်းကိုကြားတာနဲ့ အဖေတို့ဘယ်လောက်စိတ်သောကရောက်နေမယ်ဆိုတာတွေးမိတာနဲ့ ညတွင်းချင်း မြန်မာနိုင်ငံပြန်လာဖို့ ခွင့်တိုင် လေယာဉ်လက်မှတ်ဖြတ်ပြီးတာနဲ့ထွက်လာလိုက်တယ် မနက်4နာရီစထွက်တဲ့လေယာဉ်ကခုတော့ 9နာရီ45မိနစ် 10နာရီမထိုးခင် စိုက်တာကြောင့် အပြေးတလွှား လေဆိပ်ကနေထွက်လာတော့ သူ့အရှေ့ကို အသက်40ကျော်လောက်ရှိမယ့် အမျိုးသားတစ်ဦးကလာရပ်တယ် ကြည့်ရတာ ဝတ်စားပုံအရ driver တစ်ယောက်ဖြစ်မယ့်ပုံ

''ဒီက ခက်တာလွန်းလား''

''ဟုတ်ပါတယ် ကျွန်တော်ခက်တာလွန်းပါ''

''သားလေယာဉ်စိုက်ရင်လာကြိုဖို့သားအဖေဦးရာဇာကလွှတ်လိုက်တာပါ''

''အော် ဟုတ်ကဲ့ခဗျ ''

''ကားပေါ်တက်ပါသား''

''ဟုတ်ကဲ့''

အဖေလွှတ်လိုက်တာဖြစ်တဲ့အတွက် ခက်တာလဲစိတ်ပူမနေပဲ ကားပေါ်သာတက်လိုက်တယ်

တစ်ဖက်မှာတော့ ဦးရာဇာရဲ့အတွင်းရေးမူး မင်းမြတ်မဟာ ကတော့လေယာဉ်ကွင်းမှာ ''Khat Tar Loon'' ဆိုတဲ့လက်ကိုင်ဆိုင်းဘုတ်လေးကိုင်ပြီးစောင့်နေရဲ့

--------------------------------

အဖေတို့အဆင်ပြေနေပါ့မလားဆိုတဲ့အတွေးပဲ ရောက်ရောက်လာတဲ့ခက်တာကတော့ မျက်ရည်တောင်ဝဲနေသယောင် မျက်လုံးကိုလက်နဲ့ပွတ်ချလိုက်ပြီး လျက်ခနဲ ဘေးကိုကြည့်လိုက်တော့ အိမ်ကိုသွားတဲ့လမ်းမဟုတ်ပဲတောဘက်လမ်းကိုမောင်းနေတယ်ဆိုတာ သတိထားမိသွားတဲ့အပြင် ကားမှန်ကနေ သူတို့နောက်မှာ ကားအမဲရောင်2စီးပါလာတာပါသိသွားတော့ ခက်တာ driver ဦးလေးကိုမေးခွန်းထုတ်တော့တယ်

''ဦးလေး ဘယ်ကိုသွားနေတာလဲ ''

''ဦးလေးခဗျ ကျွန်တော်မေးနေတယ်လေ ဦးလေး..ဦးလေး''

ဘယ်လိုခေါ်ခေါ်မရတော့တာကြောင့် ခက်တာ သူအလိမ်ခံလိုက်ရပြီဆိုတာတွေးမိသွားတာနဲ့ ကားမှန်ကို ခြေထောက်နဲ့ကန်တော့တယ် တံခါးများပွင့်သွားမလားဆိုတဲ့စိတ်လေးနဲ့
မှန်ကိုကန်နေတုန်း ကားကရပ်သွားတာကြောင့် ဘာမှတွေးတောမနေတော့ပဲ ကားတံခါးဆွဲဖွင့်ပြီးပြေးဖို့လုပ်တော့တယ် ဒါကသူ့အတွေး တကယ်ကတော့ တံခါးဆွဲဖွင့်လိုက်တာနဲ့တစ်စုံတစ်ဦးရဲ့ရင်ခွင်ထဲမျက်နှာနဲ့တိုက်မိသွားတယ် မော့ကြည့်လိုက်တော့

Depending On The Heart (Complete )Where stories live. Discover now