အပိုင်း၁၂

11 1 0
                                    

လေချွန်သံတရေးနိုးလေချွန်သံတရေးနိုး...

အပိုင်း၁၂

ဓာတ်ပုံလေးကိုကြည့်ပြီးထက်ဖျားနှုတ်ခမ်းဖျားမှမှတ်ချတ်တို့ချနေမိတယ်

လူကိုတော့အပြင်မှာမမြင်ဘူးခဲ့ပေနဲ့
အခုလက်ရှိမြင်နေရတဲ့ပုံသဏ္ဍန်ကတော့အတော်ကိုစွဲမက်ဖွယ်ကောင်းလွန်းလှသူဖြစ်သည်

လှပပြီးထူပြည့်ပြည့်လေးဖြစ်နေပါတဲ့နှုတ်ခမ်းတစ်စုံသွယ်တန်းပြီးစင်းနေပါတဲ့နှာတံလေးမိုးကောင်းကင်ထက်ကတောက်ပနေတဲ့တောက်ခြူးကြယ်လိုမျတ်ဝန်းတစ်စုံဖြောင်းတန်းနေတဲ့မျတ်ခုံးလေးတွေရှိတဲ့သူကထက်ဖျားရဲ့နှလုံးသားတစ်စုံကိုကိုင်ဆွဲလှုပ်နိုင်စွမ်းသည်

သည်လူကမည်သို့ပင်နှလုံးသားကိုဆွဲလှုပ်စေဦးတော့သူ့ရင်မှာထာဝစဥ်ရှိနေတဲ့ကိုကို့..ကိုတော့မှီနိုင်မည်မထင်ပါ

ထက်ဖျားဒီအသက်ရွယ်ထိရောက်အောင်
ဒီလိုအောင်မြင်မှုတို့ရအောင်အခုလိုအထက်တန်းရှိရှိနေနိုင်အောင်
အထက်ကိုတွန်းပို့ပေးခဲ့တဲ့ကိုကို့..ကိုသာပိုင်ဆိုင်ချင်ပါသည်

နှလုံးသားနှင့်အုန်းနှောက်ကိုရွေးချယ်ရမည်ဆိုပါလျှင်ထက်ဖျားကအုန်းနှောက်ကိုသာရွေးချယ်မိမှာအမှန်ပင်

ငယ်ရွယ်စဥ်ကတည်းက..ကိုကို့..ကိုသာတမ်းတနေပြီးကိုကို့ကိုသာချစ်ခင်ခဲ့သူမို့အခုလည်ထက်ဖျားရဲ့နှလုံးသားကိုသော့ခက်လို့ထားလိုက်တော့မည်

ထက်ဖျား....ဓာတ်ပုံလေးကိုနေ့တိုင်ထုတ်ကြည့်သလို..ဓာတ်ပုံကိုမြင်လိုက်ရတိုင်ခုန်နေတဲ့ရင်ခုန်သံတွေကိုလည်ထိန်ချုပ်ထားလို့မရနိုင်ခဲ့ပါ

သူ့ရဲ့ရင်ခုန်သံတွေဘယ်လောက်ဘဲသောင်းသောင်းဖြဖြရှိနေပါစေသူ့နှလုံးသားကိုဥပက္ခာပြုပြီးထားနိုင်ဖို့ကြိုးစားရအုန်းမည်

ကိုကိုရယ်...
ကျွန်တော်နှလုံးသားတွေက.ကျွန်တော်ကိုသစ္စာဖောက်နေကြပြီဗျ....

ကျွန်တော်...ကိုကို့ကိုဘဲအမြဲတမ်းချစ်မှာလို့တွေးထားခဲ့တာဒါပေမဲ့အခုတော့ကျွန်တော်ရင်ခုန်သံတွေက..ကိုကိုမဟုက်တဲ့သူတစ်ယောက်ကိုချစ်မိသွားပြီတဲ့ဗျာ

လေချွန်သံ...တရေးနိုးWhere stories live. Discover now