Unicode....
ရှောင်းကျန့်တို့ ရှီဟွေးရဲ့အိမ်လိပ်စာနေရာကိုရောက်တော့ လမ်းကကျည်းတာမို့ ကားကဝင်လို့မရတာနဲ့ ကားဒါရိုင်ဘာကို ပြန်ခိုင်းလိုက်တယ်။
ဆင်ခြေဖုံးရပ်ကွက်မို့ အဆောက်အအုံတွေကအိုဟောင်းနေပြီးတစ်ချို့ဆို ပျက်စီးနေသည်။
ရှောင်းကျန့် ဝမ်ရိပေါ်ကို စောင်းကြည့်လိုက်မိတယ်။
အထက်တန်းလွှာကသခင်လေးက ဒီလိုနေရာတွေကိုသည်းခံနိုင်ပါ့မလား..ဝမ်ရိပေါ်ရဲ့မျက်နှာကတော့ပုံမှန်အတိုင်းပေ.. မျက်နှာထားအေးစက်စက်နဲ့ပဲ ရှောင်းကျန့်ကို ဘာလည်းဆိုတယ့်အကြည့်နဲ့ပြန်ကြည့်နေသေးတယ်။
ရှောင်းကျန့်တို့ အဆောက်အအုံလမ်းကြားအတိုင်းဝင်လာတော့ သူတို့ကို ကြိုဖို့စောင့်နေတယ့်ချန်ရှီဟွေးကိုတွေ့လိုက်ရတယ်။
ချန်ရှီဟွေးက အနွေးထည်အဝါရောင်လေးကိုဝတ်ထားပြီး မျက်နှာသေးသေးလေးက ရှောင်းကျန့်တို့ကိုမြင်တာနဲ့ မျက်ဝန်းများမှေးကျတယ့်အထိရယ်ကာ လက်ရမ်းပြသည်။
" လာမှလာပါ့မလားလို့ ကျေးဇူးပဲ ငါ့မွေးနေ့ကိုလာပေးလို့ "
" သူငယ်ချင်းပဲကို လာရမှာပေါ့ "
ချန်ရှီဟွေး ကျောချမ်းလာသလိုခံစားရတာကြောင့် ရှောင်းကျန့်နဲ့ပါလာတယ့်လူကိုသေချာကြည့်လိုက်တော့ သူ့ကို အရင်တခါလိုရေခဲအကြည့်တွေနဲ့ကြည့်နေတယ်။
ဝမ်ရိပေါ်ရဲ့ရေခဲရိုက်အကြည့်က ရှောင်းကျန့်ပုခုံးပေါ်မှာရောက်နေတယ့်သူ့လက်ကိုပင်။
" ဟို ဝမ်ရိပေါ်လည်းရောက်လာတာလား .. ကျေး..ကျေးဇူး လာပေးလို့ "
ချန်ရှီဟွေး သူ့လက်ကိုအမြန်ရုတ်လိုက်ကာ အတင်းလုပ်ပြုံးနဲ့ ရေခဲတောင်ကိုယ်တော်ကြီးကိုနူတ်ဆက်လိုက်တယ်။
ချန်ရှီဟွေး ရောက်လာတယ့်လူနှစ်ယောက်ကို အိုဟောင်းနေတယ့်သူ့တိုက်ခန်းလေးစီကိုခေါ်လာခဲ့တယ်။
" ဖွားဖွား..သားသူငယ်ချင်းတွေကိုခေါ်လာပြီနော်"
"လာလေး ဝင်လာကြ..ဟွေးဟွေးရဲ့သူငယ်ချင်းလေးတွေကအရမ်းချောကြတာပဲကွယ် "
YOU ARE READING
I'm wait for you { Completed }
RomanceUnicode.. အမေရဲ့သူငယ်ချင်းရဲ့အိမ်မှာလိုက်နေဖို့အကြောင်းဖန်လာတယ့်အခါ အမေ့သူငယ်ချင်းရဲ့သားဖြစ်သူ ဝမ်ရိပေါ် ကိုမြင်မြင်ချင်းချစ်မိသွားတယ့်ရှောင်းကျန့်က ဘယ်လိုမျိုး ဝမ်ရိပေါ်ကိုအရယူမလည်း?? ဒါမှမဟုတ် တစ်ဖက်လူကရော ရှောင်းကျန့်လိုပဲထပ်တူခံစားချက်များရှိန...