သက်ဆုံးတိုင်
အပိုင်း (၁)" ဖြည်းဖြည်းမ...ဖြည်းဖြည်း... "
" ဒီခုံတွေကို အရင်ထုတ်ပြီးမှ ဒီဟာတွေကို ထုတ်လို့ရမှာ။ "
" လာကူမပါဦး။ "
ကျောင်းပိတ်ရက်ဖြစ်၍ စာအုပ်လေးဖတ်နေစဉ် ဆူဆူညံညံအသံတွေကြားလိုက်ရသည်ကြောင့်ရှင်းသန့် စာထိုင်ဖတ်နေရာမှ တင်လေးကြွလို့ လိုက်ကာလေးလှပ်ကြည့်မိသည်။ အိမ်အပေါ်ထပ်မှကြည့်သည်ကြောင့် မြင်ကွင်းက ရှင်းလင်းစွာ။
မျက်စောင်းထိုးအိမ်ရှေ့မှာ ကားအကြီးကြီးနှစ်စီးရပ်ထားကာ ပစ္စည်းတွေချနေပုံပင်။ တလောက မျက်စောင်းထိုးအိမ်သို့ လူသစ်တွေပြောင်းလာမည်ဆိုတာ ရှင်းသန့်ကြားတော့ကြားမိလိုက်၏။
လွန်ခဲ့သည့်သုံးလေးလလောက်ကတည်းက အိမ်ကြီးကိုမွမ်းမံပြင်ဆင်မှုတွေလုပ်ခဲ့သည်ဖြစ်ရာ အခုတော့ ပြောင်းလာခဲ့ကြလေပြီ။"စာဖတ်တာပဲကောင်းပါတယ်။ "
ရှင်းသန့် လိုက်ကာကို သေချာပြန်ပိတ်လိုက်ပြီး စာအုပ်ထဲကိုသာ အာရုံပြန်စိုက်လိုက်သည်။ လူသစ်တွေ ပြောင်းလာသည်ဖြစ်စေ၊ မပြောင်းလာသည်ဖြစ်စေ သူ့အလုပ်တစ်ခုမှမပါပဲလေ။
~~~~~
" စီးကရက်နှစ်လိပ်လောက်ဗျ။ "
ကြားနေကျမဟုတ်သည့် ခပ်ရှင်းရှင်း၊ခပ်အေးအေးအသံကြောင့် ရှင်းသန့် စာငုံ့ဖတ်နေရာမှ ဆတ်ခနဲမော့ကြည့်လိုက်သည်။ သူ,မမြင်ဖူးသည့်လူဖြစ်၍ ကမ်းပေးလာသည့်ပိုက်ဆံကိုသာယူပြီး အမ်းစရာရှိတာအမ်းဖို့လုပ်လိုက်၏။
" အကြွေတစ်ရာမရှိဘူးဗျ သကြားလုံးယူလိုက်ပါလား ။"
"ဟမ်..."
လူကြည့်တော့ သန့်သန့်ပြန့်ပြန့်လေးနှင့် သူ၏ရှင်းလင်းနေသည့်စကားကို နားမလည်ရလောက်အောင် အူကြောင်ကြောင်နိုင်မည်ဟု ရှင်းသန့်မထင်မိပေ။
" အကြွေတစ်ရာအမ်းစရာမရှိလို့ သကြားလုံးယူလိုက်လို့ပြောတာဗျ။ "
"ဪ ...သကြားလုံးလား...အင်း အင်း တစ်လုံးဘယ်လောက်လဲ ။"
"ငါးဆယ် နှစ်လုံးယူလိုက်..."
YOU ARE READING
သက်ဆုံးတိုင် [ Z+U]
Romanceမင်းခန့်ပိုင် × ရှင်းသန့်ပိုင် [ cover လေးက အချစ်ကလေးဆီမှ လက်ဆောင်ရထားတာဖြစ်ပါတယ် ] " ကိုကြီး ခံစားမိနေတယ် ရှင်းသန့်။ ဒီအချစ်က အရမ်းကြီးမားတာကိုခံစားမိတယ်။ ရင်ထဲပြည့်ကျပ်လွန်းနေတဲ့ဒီအချစ် ဒီမေတ္တာက သေရာပါဆိုတာ ကိုကြီး အသေအချာသိတယ်။ "