Part 5 [Z+U]

155 7 0
                                    

သက်ဆုံးတိုင်
အပိုင်း (၅)

သည်နေ့ ရာသီဥတုကောင်းသည်ပင်။ ကောင်းကင်ကရှင်းလင်းနေသဖြင့် ရှင်းသန့်စိတ်ကြည်နေသည်။ တခြားအချိန်မိုးရွာလျှင်ကောင်းသော်လည်း သူကျောင်းတက်ကျောင်းဆင်းချိန်မိုးရွာလျှင် ရှင်းသန့် အလိုလိုပင်စိတ်တိုတတ်သည်။ မိုးရာသီဖြစ်၍ မိုးရွာသည်မှာမှန်သည့်တိုင် မိုးက တမင်သက်သက်ကျောင်းတက်ကျောင်းဆင်းချိန်ဆို ပိုလို့သည်းကာရွာတတ်၏။

"ရှင်းသန့် ..."

စိတ်ရွှင်လန်းစွာဖြင့် အိမ်မှမြောက်ကြွမြောက်ကြွထွက်လာခိုက် ခေါ်သံ​ကြောင့်လှမ်းကြည့်မိသည့်အခါ မျက်စောင်းထိုးအိမ်မှအစ်ကိုကြီးပင်။ ရှင်းသန့်  ဝတ္တရားအရပြုံးပြလိုက်ပြီးနောက် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ချိန် ထိုအစ်ကိုကြီးမှ သူ့အနားသို့ အပြေးလေးလာပြီးကပ်လျှောက်သည်တွင် လမ်းလျှောက်ရင်းပင် မော့ကြည့်မိ၏။

အဖြူအပြာယူနီဖောင်းနှင့် ဆံပင်နက်နက်တွေကို သပ်ရပ်စွာသပ်တင်ထားသူက အနီးကပ်မြင်ရတော့ ပိုလို့တောင်ကြည့်ကောင်းသည်ပင်။  သူနှင့်ထီးကြုံလိုက်သည့်နေ့ကထက် ပိုလို့ရှင်းရှင်းလင်းလင်းမြင်နေရသည့်မျက်နှာက အတော်ချောသည်။ ရှင်းသန့်နေပါ၏။

အသားအရေက ညိုသည်လည်းမဟုတ်၊ ဖြူသည်လည်းမဟုတ်ဘဲ အသားလတ်သည်။မျက်နှာကျသွယ်သည်၊ ဝိုင်းသည်လည်းမဟုတ်ဘဲ သည်အတိုင်း ကြည်လင်ကာဝင်းပသည့်မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည်ဖြစ်၏။ မျက်နှာမှာအပေါ်လွင်ဆုံးအစိတ်အပိုင်းကိုပြောပါဆိုလျှင် နှာတံသွယ်သေးသေးလေးဟုဆိုရလေမလား။ လူကြီးတွေပြောသလိုဆို ပါးပါးလျားလျားချောသည်ဟု​ပြောရမည်။

သူ့လိုအရွယ်မျိုးကပင် အားကျရပြီးငေးရလောက်သည်အထိ ချောမောလေတော့ ဘယ်လောက်များပေါ်ပြူလာဖြစ်မလဲဟု ရှင်းသန့်အတွေးဝင်မိ၏။

" ဒီနေ့လည်း ကျူရှင်ရှိတယ်ပေါ့။ "

"ဟုတ်ကဲ့။ "

"ရှင်းသန့်က ဘာယူထားလဲ။ ဘိုင်အိုလား အီကိုလား။"

ဘေးနားမှလျှောက်ရင်း  ရင်းနှီးနေသူတွေလို ခပ်ပြုံးပြုံး၊ ခပ်အေးအေးမေးလာလေတော့ ရှင်းသန့် လူ့ဂွစာလုပ်ကာ မဖြေလို့လည်းမကောင်းလှပေ။

You've reached the end of published parts.

⏰ Last updated: 7 days ago ⏰

Add this story to your Library to get notified about new parts!

သက်ဆုံးတိုင် [ Z+U]Where stories live. Discover now