Part - 2

321 43 1
                                    

" အမလေး မမတို့ရဲ့ မင်းသားလေးကလှလိုက်တာ ကြည့်ပါဦး "

" အန်တီဆူး မျက်နှာချေမှုန့်နည်းနည်းလည်းယူခဲ့ပေးပါဦး "

ဂျောင်ဟန်သည်လူသုံးယောက်လောက်ကိုမြင်ရနိုင်သည့်အဖြူရောင်မှန်တင်ခုံ၏ရှေ့တွင်ထိုင်ကာအစ်မနှစ်ယောက်ပြုသမျှခံနေရရှာသည်။ မျက်စိရှေ့မှ မျက်နှာချေမှုန့်ဖြူဖြူတို့ကြောင့်နှာခေါင်းတစ်ချက်ရှုံ့ကာ

" အဲ့အမှုန့်တွေကယားတယ် မကြိုက်ပါဘူး "

" ဒီနေ့မင်းသားလေးရဲ့မွေးနေ့မှာအလှဆုံးဖြစ်နေဖို့လိုတယ်လေ ဦးရီးတော်ရှေ့မှာအလှဆုံးမဖြစ်ချင်ဘူးလား "

" .... "

မင်းသားငယ်လေးအတွက်ဦးရီးတော်ဂျိုရှူအာကအကောင်းဆုံးလက်နက်ပဲဖြစ်တာကိုသူမတို့နှစ်ယောက်စလုံးကောင်းစွာနားလည်ကြသည်။ငယ်စဉ်ကတည်းကဦးရီးတော်လက်ထဲပဲကြီးပြင်းခဲ့ရသည်မို့ မောင်ငယ်ဖြစ်သူကဦးရီးတော်အပေါ် ပုံမှန်ထက်မေတ္တာသက်ဝင်မှုမျိုးရှိနေ၏။ သူမတို့ကတော့ ဂျောင်ဟာနီသာစိတ်ချမ်းသာမည်ဆိုလျှင်မည်သည့်အရာကိုမှကန့်ကွက်မည်မဟုတ်ပေ။ မိခင်မေတ္တာငတ်မွတ်နေသောမောင်ငယ်လေး၏ဆန္ဒကိုဘယ်လိုနေနေအစွမ်းကုန်ဖြည့်ဆည်းပေးမှာပင်

" ရိုစီ ဒီဘက်ပါးလေးကိုလည်းအနည်းငယ်ခြယ်လိုက်ပါဦး "

" ရပါပြီ မမကြီးရဲ့ ဒီလောက်ဆို "

အဖြူရောင်ဝတ်စုံကိုမှနိုင်ငံရဲ့လက်ရာအကောင်းဆုံးအပ်ချုပ်ဆရာထံမှာချုပ်ထားသည်မို့ ဂျောင်ဟန်၏ကိုယ်လေးနှင့်လိုက်ဖက်လွန်းလှသည်ထက်ပို၏။ တော်ဝင်တန်ဆာများအပြင် ဗန်းကိုင်ထားသောမိန်းမငယ်လေးများဆီမှလက်အိတ်အဖြူလေးကိုယူကာမစ္စဆူးကပင်ဝတ်ဆင်ပေးရသည်။ အဆုံးသတ်အနေနဲ့ ဂျောင်ဟန်၏ဦးခေါင်းထက်တွင် ရွှေဖြင့်ကွပ်ကာအတွင်းနားတွင်တော့ကျောက်များစီခြယ်ထားသော crownတစ်ခုကိုဝတ်ဆင်ပေးလိုက်လေသည်။

" အရမ်းပြည့်စုံသွားပြီ "

ရိုစီရော ဒေစီကပါမောင်ငယ်ဖြစ်သူ
ဂျောင်ဟန်ကိုကြည့်ရင်းသဘောတကျဖြစ်နေရှာသည်။

Lord Phoenix's Ethereal Terra Where stories live. Discover now