ဂျောင်ဟန်ရဲ့ မွေးနေ့ပွဲပြီးသည့်တိုင်နောက်ရက်တွေမှာလည်းအခြေအနေကပုံမှန်တိုင်းပင် ။ အခုဆို တစ်ပတ်လောက်ပင်ကြာခဲ့လေပြီ။
ဘယ်သူကမှမင်းသားငယ်ရဲ့အပြုအမူအတွက်မထောက်ပြရဲကြပေမယ့် မသိမသာအတင်းအဖျင်းပြောဆိုရုံလောက်သာ။ သို့သော်လည်းနိုင်ငံတစ်နိုင်ငံ၏မင်းသားတစ်ပါးကိုဝေဖန်ခြင်းရော ကန့်ကွက်ခြင်းရောမပြုရဲကြ။အထူးသဖြင့်တော့လက်ရှိကာလအတွင်းအင်အားအကြီးဆုံးအင်ပါယာတစ်ခုကိုညွှန်ပြပါဆိုလျှင်လက်ခတ်မလွဲ Geo အင်ပါယာကိုသာထိုးပြကြမည်မဟုတ်လား။ ယခင်က မျိုးနွယ်စုကြီးလေးခုတွင် Pryoမျိုးနွယ်စုက အင်အားအကြီးဆုံးနှင့်အတူ ဇာမဏီငှက်၏မျိုးဆက်လို့ခံယူရတဲ့အထိလက်ဆင့်ကမ်းခဲ့သောစွမ်းအားမှာလည်း မျိုးနွယ်စုတိုင်းထက်သာလွန်သောစွမ်းအင်မျိုးဖြစ်ခဲ့၏။ သို့သော်လည်းယခုတော့အတိတ်တွင်သာ" မင်းသားလေး ဦးရီးတော်ဂျိုရှူအာရောက်နေပါပြီ "
ဂျောင်ဟန် မစ္စဆူးအသံကြောင့်မှန်ရှေ့သို့မြန်မြန်သွားလိုက်ကာ အနည်းငယ်ပွယောင်းလျက်ရှိသောဆံစတို့ကိုသပ်တင်လိုက်သည်။ ဒီနေ့ ပုံမှန်နေ့တွေနဲ့မတူဝတ်ဆင်ထားတာမလို့ စိတ်ထဲမတင်မကျ။ ရှူအာရှေ့ကြည့်ကောင်းပါ့မလား။ ရှုအာ သဘောကျပါ့မလား။ အကူခေါ်တဲ့ သဘောနဲ့ ဂျောင်ဟန် အန်တီဆူး၏အမြင်ကိုပါမေးလိုက်တော့
" အန်တီဆူး ဒီနေ့ဝတ်ထားတာ
ဘယ်လိုနေလဲ"" မင်းသားငယ်လေးက ဘာဝတ်ဝတ်လိုက်ဖက်ပြီးသား "
အန်တီဆူးအဖြေကြောင့်ဂျောင်ဟန် ကျေနပ်သွားပြီး အခန်းပြင်ထွက်ရန်ပြင်လိုက်သည် ။ ရှူအာ့ကိုအကြာကြီးလည်းမစောင့်စေချင်ပါ ။ မွေးနေ့ပွဲညတွင်ပဲရှူအာက သူစိတ်ပြေစေရန် မြှားပစ်သင်ပေးဖို့ကတိပေးလာပါ၏ ။ အစတည်းကအသက် ၁၈၀ပြည့်ပြီးလျှင်သဘောကျသည့် တိုက်ခိုက်ရေးပညာတစ်ခုခုကိုသင်ယူဖို့ ဖေဖေကိုယ်တိုင်ခွင့်ပြုထားသည်မလို့ လေးအတတ်ကိုသာသင်ယူချင်သည် ။ ဒါမှသာရှူအာနှင့်အတူတူရှိရမယ့်အချိန်လည်းပိုများလာမှာမဟုတ်လား။ ဂျောင်ဟန်အတွေးလက်စကိုဖြတ်ပြီးနောက် ရှူအာနှင့်တွေ့လျှင် အလိုက်ကမ်းဆိုးမသိ မူမမှန်သောဘယ်ဘက်ရင်အုံမှနှလုံးသားကိုလည်းသတိပေးလိုက်ရသေး၏ ။ အရမ်းခုန်မနေနဲ့ ငါရှူအာကိုစိတ်ကောက်ထားတယ် မင်းကြောင့်မျက်နှာမပျက်ရစေနဲ့ ဟွန်း။ သူ့ကိုစိတ်ထိခိုက်အောင်လုပ်ထားတဲ့ရှူအာကိုအပြည့်အဝတော့စိတ်ဆိုးမပြေချင်သေးပါ ။ မျက်စိရှေ့တစ်လျှောက် နန်းရင်ပြင်ဘက်က မြင်းများဖြင့်ရဲမက်အချို့ကိုကြည့်ကာဂျောင်ဟန်စိတ်ညစ်သွားမိပါသည် ။ ဒီလောက်လူတွေအများကြီးလိုလို့လား ။ ရှူအာနှင့်နှစ်ယောက်တည်းလေ့ကျင့်ရမယ်ထင်တာလေ။
YOU ARE READING
Lord Phoenix's Ethereal Terra
FanfictionJihan Historical fiction Collaboration momobe x warmilk_sua ♡