" လန့်လိုက်တာ ရှူအာကလည်း အသံမပေးဘာမပေးနဲ့ "
ဂျောင်ဟန်အဖိုးကြီးရေဇာ ( Razor ) ကိုအဆိပ်ဖြေဆေးပေးပြီးနောက်အထဲပြန်ဝင်လာတော့လက်ပိုက်ကာသူ့ကိုရပ်စောင့်နေသောဂျိုရှူအာကိုမြင်ကာလန့်သွားခြင်းဖြစ်သည်။
" မင်းသိပ်ဆိုးနေပါလား "
" အဲ့တော့ ရှူအာကကျွန်တော့်ကိုမချစ်ဘဲနေနိုင်တာမို့လို့လား "
" အင်း နေနိုင်မယ်မထင်ဘူး"
ဂျိုရှူအာဆီက မဆိုင်းမတွ အဖြေကြောင့် ဂျောင်ဟန်မျက်နှာအထက်မှာ ပြုံးရိပ်ယောင်လေး ဖြတ်ပြေးသွားသည့်နှယ်။
" ဒါပေမယ့်လည်းရှူအာ့ကိုစိတ်ဆိုးတယ် ကိုယ့်ချစ်သူတစ်ယောက်လုံးရှိတာကိုအခြားမိန်းကလေးနဲ့လက်ထပ်ဖို့သဘောတူခဲ့တာ ခင်ဗျားနှလုံးသားကကျောက်နဲ့ထုထားလားပဲ ဦးရီးတော်"
ဂျောင်ဟန်ခပ်ရွဲ့ရွဲ့လေးပြောလိုက်တော့ဂျိုရှူအာကရယ်၏။ အမှန်တကယ်ပင်ထိုကိစ္စနဲ့ပတ်သက်ပြီး ရှူအာကိုမကျေနပ်သေးပါ ။ သူသတိမေ့နေတဲ့အချိန်ခဏလေးမှာကို ရှူအာကအခြားမိန်းကလေးနဲ့လက်ထပ်ဖို့သဘောတူခဲ့တာမလား? ဖေဖေကဘယ်လောက်တွန်းအားပေးတယ်ပြောပြော ရှူအာမှာသူတစ်ယောက်လုံးရှိနေတာမို့လို့လက်ခံစရာအကြောင်းမရှိပေ။ ဂျောင်ဟန်မှာအခုထိတော့ ဝမ်းနည်းတဲ့စိတ်အခံလေးကတော့ရှိနေပါသေး၏။ အခြားသူတွေနဲ့ဆိုသူဟာဘယ်လိုပဲအဆိပ်ပြင်းနိုင်တယ်ပြောဦးတော့ ချစ်ရသူနဲ့ဆိုသူဟာချွဲနွဲ့ရုံသာ ဆိုးတတ်သည့်သူမျိုးပင်။
" ကိုယ်ကမင်းကြီးအမိန့်ကိုလွန်ဆန်လို့မှမရဘဲ အသည်းငယ်"
ဂျိုရှူအာကပြောရင်းပင်ဂျောင်ဟန်၏ခါးသိမ်သိမ်လေးကိုလက်တစ်ဖက်ထဲဖြင့်ပွေ့ဖက်ကာသူ့ပေါင်ပေါ်တွင်ထိုင်စေ၏ ။
" ကိုယ်မှားပါတယ် "
" ရှူအာနာခံသင့်တာဘယ်သူ့အမိန့်လဲသိပြီလားအခု"
ဂျိုရှူအာသူ့ကိုအမိန့်ပေးနေသောမျက်စိရှေ့က မင်းသားငယ်လေးကိုကြည့်ပြီးသဘောကျစွာရယ်လိုက်မိတော့မျက်စောင်းသေးသေးလေးကသူ့ထံရောက်လာ၏ ။
YOU ARE READING
Lord Phoenix's Ethereal Terra
FanficJihan Historical fiction Collaboration momobe x warmilk_sua ♡