270 23 4
                                    

U
__

1939ခုနှစ် ၊ 5လပိုင်း ၊ 12ရက်မြောက်နေ့။

ယမန်နေ့ကလိုမဟုတ် ဖွဲဖွဲသာရွာသွန်းနေလေသည်။
ချုံချင်းမြို့ လမ်းမထက် လူစည်ကားမှုကိုတော့ မိုးရွာသွန်းခြင်းက မရပ်တန့်နိုင်ခဲ့။ လူအစည်ကားဆုံးနေရာသည် မြို့ထဲရှိသတင်းထူးသတင်းဦးများအကြောင်းကြားရာ ဆိုင်းဘုတ်ကြီးရှေ့ဖြစ်သည်။

∆သူပုန်တပ်ဖွဲ့အဖွဲ့ဝင်သာ့လီ အမည်ရှိ အမျိုးသားအားဖမ်းဆီးကာ ယခုလ၃၀ရက်မြောက်တွင် ကြိုးပေးကွက်မျက်မည်∆

ခေါင်းစဉ်တစ်ခုအောက်က လူတစ်ယောက်၏အသက်ကို တစ်ဦးချင်းစီက ထင်ကြေးမှတ်ချက်ပေးကြလိမ့်မည်။မည်သူတစ်ဦးတစ်ယောက်ကမှ ယခုလိုမိုးရေတွေကြား သတင်းကို အသေးစိတ်ဖတ်ကြည့်ဖို့စိတ်မပါ။ သိပ်မကြာခင် ခေါင်းစီးလောက်သာကြည့်ကြပြီး အသီးသီးထွက်ခွာသွားကြသည်။

အညိုရောင်ကုတ်အရှည် ဝါးထီးကိုင်ဆောင်ထားသောအမျိုးသားမှအပ။

ထိုအမျိုးသားသည် သတင်းကိုအသေးစိတ်ဖတ်ရှုနေလေသည်။

သတင်းထူးရှိအဓိက ဗီလိန်မှာ သူပုန်အဖွဲ့ဝင်ဟုအမည်တပ်ခံထားရသောသာ့လီ ဖြစ်ပြီး သူရဲကောင်းကြီးကတော့ ဝန်ထောက်မင်းအသစ်ဖြစ်သည်။ တကယ်တမ်း လောကရဲ့ တရားမျှတမှုစည်းမျဉ်းရေးဆွဲတဲ့ နေရာမှာ သာ့လီကသာ မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပြီး ထိုဝန်ထောက်မင်းအသစ်ကတော့ ...။

ထိုလူသည် သတင်းကို နစ်နဲသောခံစားချက်၊ ယူကြုံးမရသော ခံစားချက်နှင့်ဖတ်လိုက်ရသည့်အလား ချက်ခြင်းပင် ထိုကြေညာဘုတ်က သတင်းကို ဖြဲဆုတ်ချေကာ ထွက်သွားလေသည်။

မကြာခင်..

တွေ့ဆုံရမယ့်ရေစက်ရှိရင် တွေ့ဆုံကို ဆုံရလိမ့်မည်။

'''''''''
6လပိုင်း ၊27ရက်မြောက်နေ့

ယနေ့တွင် ပုံမှန်နေ့များထက် ကောင်းကင်ကကြည်လင်လှသည်။ တိတ်ဆိတ်နေသောပတ်ဝန်းကျင်မှ သစ်သားခြံတံခါးဆွဲဖွင့်သံကြောင့် ကျေးငှက်များထပြန်တော့မလို။
ခြံဝင်းထဲမှ အဖြူရောင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသောအမျိုးသားမှ ထိုငှက်လေးများကို အစာကျွေးနေလေသည်။
ပြီးမှသာ သူ၏ဆိုင်ခန်းကို စတင်ဖွင့်လှစ်လေသည်။

ꜱᴛᴏʀʏ [ZhiJun]Where stories live. Discover now