104 14 4
                                    

U
_____

ဆုံးရှုံးမှုတွေများလာမှ တန်ဖိုးကို နားလည်မယ်ဆိုတဲ့စကားကို ရှောင်းလဲ့ဟူဘယ်လိုနားမဝင်လဲ ဆိုတာရှကျစ်ကွမ်းမတွေးနိုင်တော့။

"ဒီလူက ခေါင်းမာပြီး တဇွတ်ထိုးဆန်လွန်းတာ သူတစ်ယောက်ကြောင့်နဲ့ အကုန်ပျက်စီးသွားရင် ဘယ်လိုလုပ်မှာလဲ "

တပည့်ဖြစ်သူ ချီလျန့်ပြောတာကို ရှကျစ်ကွမ်းကိုယ်တိုင်တောင် မစဉ်းစားရသေး။

"အစီစဉ်တွေ စဆွဲကတည်းက လျှို့ဝှက်ခဲ့တာ ဘယ်လိုအကြောင်းကြောင့် ပေါက်ကြားလဲ ငါတို့သိဖို့လိုတယ်ရှောင်းလဲ့ဟူကို စောင့်ကြည့်ထား"

"ဟုတ်ကဲ့ ဆရာ"

ချီလျန့်ထွက်သွားသည်နှင့် ရှကျစ်ကွမ်း အပေါ်ကုတ်အင်္ကျီယူကာ မြို့ထဲရှိစားသောက်ဆိုင်လေးကို ဦးတည်လိုက်သည်။

ယမန်နေ့က ထိုအမျိုးသားနှင့် တွေ့ဆုံခဲ့ပေမယ့် အသေအချာ နှုတ်ဆက်မိခဲ့ရပုံမပေါ်။

စသိကတည်းက ဟွမ်ကျွင့်ကျယ်ဆိုတဲ့ အမျိုးသားကို သိကျွမ်းရင်းနှီးချင်စိတ်ဖြစ်ခဲ့ခြင်းရှိခဲ့၏။ထိုအမျိုးသားက သူ့အတွက် ပဟေဠိဆန်ဆန်ခံစားချက်ကို ပေးစွမ်းနိုင်လေတယ်။ နှလုံးသားထဲက ခံစားမှုတစ်ခုပေါ့ ၊ဒီအမျိုးသားကသူ့အတွက် ရိုးသားလွန်းတယ်။ သူ့ကိုမထိခိုက်စေဘူး။

စားသောက်ဆိုင်လေးကို သူရောက်လာသည်နှင့် တစ်ဆိုင်လုံးက လူတွေအတော်လေးအံ့ဩသွားကြပုံရ၏။
စားပွဲထိုးလေးက သူ့ကို မြင်တော့ အပြေးလေးရောက်လာပြီး

"လူကြီးမင်း‌ ..ထိုင်ပါ ကြွပါ "

ရှကျစ်ကွမ်းဆိုင်ထဲမျက်လုံးဝေ့ကြည့်မိတော့ သူရှာဖွေနေတဲ့ အမျိုးသားကရှိမနေခဲ့။ ရှကျစ်ကွမ်းမဆိုင်းမတွမေးလိုက်၏။

"မင်းတို့ သူဌေးလေးရော "

"သူဌေးလေးမရှိပါဘူးဗျ .. အလုပ်ကိစ္စနဲ့ လော့ရန်ကို ထွက်သွားတာပါ "

ရှကျစ်ကွမ်း အနည်းငယ်စိတ်ပျက်သွားမိ၏။ သူ့အတွက် ခံစားချက်ကောင်းလေးပေးစွမ်းနိုင်တဲ့ ပန်းရနံ့လေးက ဒီမှာမရှိနေဘူးလေ။

ꜱᴛᴏʀʏ [ZhiJun]Where stories live. Discover now