105 12 1
                                    

U
_

အသေးစိတ်မှတ်ထားသောအချိန်ဇယားတစ်ခုကို ရှကျစ်ကွမ်းအပေါ်ယံမျှသာကြည့်သော်လည်း နာမည်တစ်ခုကိုထင်ရှားစွာတွေ့လိုက်လေ၏။

"ချန်ယဲ့စားသောက်ဆိုင် "

"ဟုတ်ပါတယ်ဆရာ ရှောင်းလဲ့ဟူ အဲ့ဆိုင်ကိုသွားလေ့ရှိပါတယ် တစ်ပါတ်ကို သုံးလေးခါလောက် "

"သူက အဲ့ဆိုင်ဖောက်သည်လား "

"ရှောင်းလဲ့ဟူအဲ့ဆိုင်ကို အမြဲဝင်ထွက်သွားလာနေတာက စားသောက်ဖို့မဟုတ်ပါဘူး ၊ အဲ့ဆိုင်ပိုင်ရှင်ဟွမ်ကျွင့်ကျယ်ဆီသွားတွေ့တာပါ "

ရှကျစ်ကွမ်းကိုအတွေးတချို့က ရှုပ်ထွေးသွားစေသည်။

[သူနဲ့ ရှောင်းလဲ့ဟူက ဘယ်လိုဆက်ဆံရေးများလဲ တအားရင်းနှီးနေတာလား]

ချီလျန့်က ဆက်ပြောလေသည်။

"အစကတော့ကျွန်တော်က သူတို့ကြားဆက်ဆံရေးကို စုံစမ်းခဲ့သေးတယ် ဒါပေမယ့် ဟွမ်ကျွင့်ကျယ်က နောက်ကြောင်းရှင်းတယ် .."

ချီလျန့်က သူ့စားပွဲပေါ်က စာအိတ်တစ်ခုကို ရှာလိုက်ပြီး

"ဒါက ဟွမ်ကျွင့်ကျယ်ရဲ့ ကိုယ်ရေးတွေပါ "

ရှကျစ်ကွမ်းထိုစာအိတ်ကိုသေချာယူပြီး ဖွင့်မကြည့်သေး။ ဒါကို သူသိချင်ရင်ဘယ်ချိန်ဖြစ်ဖြစ်ကြည့်လို့ရပါတယ်၊ သူတို့နှစ်ယောက်ဆက်ဆံရေးကို သိချင်စိတ်ကသာပိုမိ၏။

ချီလျန့်ဆက်ပြော၏။

"ပြောရမှာထူးဆန်းနေပေမယ့် ရှောင်းလဲ့ဟူ အဲ့ကိုသွားသွားနေတာက ..."

"ဆက်ပြောလေ "

"သူက .. ဟွမ်ကျွင့်ကျယ်ကို သဘောကျနေလို့ပါတဲ့ "

ရှကျစ်ကွမ်း၏ မှင်တံကိုင်ထားသော လက်များကတင်းကြပ်သွားသည်မှာ ကျိုးကြေကုန်တော့မည့်အလား။

"ရှောင်းလဲ့ဟူကို ကြည့်လိုက်ရင်ဘယ်လိုမှ အဲ့သလိုလူမျိုးလို့မထင်ရပါဘူး ဒါပေမယ့် သူက ဟွမ်ကျွင့်ကျယ်ကိုသဘောကျကြောင်း တစ်မြို့လုံးသိအောင်ဖွင့်ဆိုထားတာ အလွန်ကြာပြီပြောပါတယ် "

အလွန်ကြာပြီဆိုသောကြောင့် ရှကျစ်ကွမ်းမျက်မှောင်ပိုကြုတ်လာတယ်။ ဒီအတိုင်းဝင်ထွက်သွားလာနေပုံရရင် ဟွမ်ကျွင့်ကျယ်က သူ့ကိုလက်ခံထားတာလား။
သူတို့နှစ်ယောက်က အပြန်အလှန်သဘောကျနေကြပြီးသားလား။

ꜱᴛᴏʀʏ [ZhiJun]Where stories live. Discover now