九*

134 9 18
                                    

Unicode>>

စာရေးခုံပေါ်ရောက်နေတဲ့ မင်္ဂလာဖိတ်စာကို ကြည့်ရင်း
ရှောင်းလဲ့ဟူမျက်လုံးတွေက သွေးနီရောင်ရဲလာခဲ့၏။
ဖိတ်စာဖိတ်သူကလည်း အသေအချာလာဖိတ်တာဖြစ်ပါသည်။ရှကျစ်ကွမ်းက ဌာနချုပ်မှူးကို ဖိတ်စာပေးရင်း ရှောင်းလဲ့ဟူအတွက်ပါ ယူလာခဲ့သည်။

ဌာနချုပ်ကအရာရှိရှောင်းလဲ့ဟူဆီသို့ တဲ့။

ရှကျစ်ကွမ်းက ဖိတ်စာကိုချပေးလိုက်ရင်း

"ရှောင်းအရာရှိက ရှောင်ဟွမ်ရဲ့ အကောင်းဆုံးမိတ်ဆွေတဲ့ ၊အဲ့တော့ ရှောင်းအရာရှိသေချာတက်ရောက်ပေးဖို့ မျှော်လင့်ပါတယ် "

ရှောင်းလဲ့ဟူက တောက်တချက်ခေါက်လိုက်ပြီး

"ရှကျစ်ကွမ်း! အနိုင်ရသူလို ဟန်ဆောင်မနေနဲ့ ၊ မင်းက..."

ရှောင်းလဲ့ဟူ သက်ပြင်းချလိုက်ပြီး သူ့ဒေါသကိုလည်း အဆုံးစွန် နှိပ့်ချထားသည်။ ဘာပဲဖြစ်ဖြစ် ကျွင့်ကျယ်ကလက်ထပ်မယ်လို့ဆုံးဖြတ်ချက်ချပြီးပြီ။ သူကပြန်ပြင်တတ်တဲ့လူစားမဟုတ်ဘူး။

"ငါမင်းကို သတိပေးမယ် ရှကျစ်ကွမ်း ...နောက်နောင်မှာ ကျွင့်ကျယ်ကို စိတ်ထိခိုက်အောင်လုပ်ခဲ့ရင် မင်းကိုငါသတ်မှာ "

ရှကျစ်ကွမ်း တောက်တချက်ခေါက်လိုက်ပြီး ဒေါသသံဖြင့်

"ခင်ဗျားမှာ အဲ့သလိုပြောပိုင်ခွင့်ရှိလား "

"..."

"ဒါပေမယ့်လည်း တခုတော့ ပြောရမယ် ၊သူက ကျုပ်ချစ်မြတ်နိုးလို့လက်ထပ်ယူမယ့်လူပါ သူစိတ်ထိခိုက်မယ့် ဘယ်ကိစ္စမှကျုပ်မလုပ်ဘူး ... ဟွမ်ကျွင့်ကျယ်က ကျုပ်အတွက်အဖိုးမဖြတ်နိုင်တဲ့အရာရာပဲ "

ရှကျစ်ကွမ်း စကားပြောပြီးတာနဲ့ အခန်းတံခါးဆောင့်ချပြီးထွက်သွားလေသည်။

•••
အဝေးတမျှကို မြင်ရသော မြို့ရိုးတစ်ခု။
ဤနေရာကို 'ချင်းသုန့် ' ဟုလည်းခေါ်လေသည်။ တောင်တန်းတွေကို နောက်ခံပြုကာ မြစ်တစ်စင်းကို မျက်နှာမူဆောက်လုပ်ထားသည့် မဟာမိတ်တပ်ဖွဲ့၏ခံတပ်တစ်ခုလည်း ဖြစ်လေသည်။

အခိုင်မာဆုံးတပ်စွဲထားသည့် မဟာမိတ်တပ်၏တည်နေရာကို မည်သူမျှမခန့်မှန်းနိုင်ကြ။ ခံတပ်အတွင်းတစ်နေရာတွင် လက်ဖက်ရည်ကြမ်းသောက်ရင်းဂုဏ်ကျက်သရေရှိစွာထိုင်နေသော အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးအနားကို ချုံချင်းမြို့မှ ဖိတ်ကြားလွှာ ရောက်ရှိလာသည်။

ꜱᴛᴏʀʏ [ZhiJun]Where stories live. Discover now