အခန်း(၁)

593 22 3
                                    

မင်းလှကျော်စွာ

ရာဇဝင်ထဲကသူရဲကောင်းကတော့မင်းရဲကျော်စွာ။ဒီကောင့်နာမည်ကတော့မင်းလှကျော်စွာ။နယ်ကတက်လာတဲ့တောသားလေး။အဖေ့ရဲ့ကျေးဇူးရှင်သားမို့အဖေခေါ်‌လာခဲ့တဲ့ကောင်လေး။

အသက်က(၂၃)နှစ်။သမိုင်းနဲ့ဘွဲ့ရပြီးသားလို့တော့ပြောတာပဲ။လူကတော့ first image မှာတင်မှတ်ချက်ချမိတာအူကြောင်ကျားလေး။ပုဆိုးတိုတို၊ဆင်ကြယ်ကြက်ပေါင်ဖိနပ်နဲ့။လွယ်အိတ်တစ်လုံးစလွယ်သိုင်းထားသည်။အင်္ကျီအကွက်ကျဲလက်ရှည်နဲ့။အခုခေတ်တောသားတွေမြို့တက်လာရင်သူ့လောက်တော့တောမကျဘူးလို့ထင်တာပဲ။ဒါကြောင့်
ဒီကောင့်ကိုအူကြောင်ကျားလို့ပြောတာ။

တောသားဆိုပေမဲ့သူ့ရဲ့အသားအရည်က
မဖြူမမဲ၊ဝါဝါဝင်းဝင်းလေး။ရုပ်ခံလေးကကြည့်ကောင်းသည်။မျက်ခုံးမျက်လုံးလှသည်။အရပ်ကငါးပေရှစ်လက်မလောက်ရှိမည်။မြန်မာပြည်အနေအထားနဲ့ပုတယ်လို့ပြောလို့မရပေမဲ့ခြောက်ပေကျော်ကိုယ့်အရပ်နဲ့ယှဉ်ရင်တော့ဒီကောင်ဂျပုပဲ။

ကိုယ်ကနိုင်ငံခြားကနေဘွဲ့တွေအများကြီးရထားတဲ့သူ။ကုမ္ပဏီမှာလည်း CEO ။အသက်က(၂၈)နှစ်။အရွယ်ရောက်ပြီးသားလူငယ်စီးပွားရေးသမားတစ်ယောက်အနေနဲ့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးအိမ်ခွဲနေမယ်ဆိုတော့အဖေကအိမ်ရဲ့ဝေယျာဝစ္စလုပ်ရအောင်အိမ်အကူဆိုပြီးမင်းလှကျော်စွာကိုထည့်ပေးလိုက်လေရဲ့။

ကြည်သာသောင်းစိန်ဆိုတဲ့ကျွန်တော့်အဖေကကြည်သာကျောက်မျက်ကုမ္ပဏီရဲ့ဥက္ကဌကြီး။သောင်းစိန်ဆိုတဲ့အတိုင်းစိန်တိုက်တွေအများကြီးပိုင်တဲ့စိန်သူဌေးကြီး။အိမ်မှာအိမ်အကူတွေအများကြီးရှိပါလျက်နဲ့မိန်းကလေးတွေမထည့်နိုင်ဘူးတဲ့။သူယုံကြည်မြတ်နိုးရတဲ့သူ့ရဲ့ချစ်လှစွာသောကျေးဇူးရှင်သားလေးကိုထည့်လွှတ်လိုက်တာ။

ဘွဲ့ရသမိုင်းပညာရှင်လေးကပထမဆုံးစရောက်တဲ့ရက်မှာတင်ပညာပြတော့တာပဲ။
သူကရိုရိုကျိုးကျိုးလား…ဘောက်တီးဘောက်ဆတ်လားမကွဲပြားတဲ့လေသံနှင့်
လာမေးသည်။

“သူဌေးဘာစားမလဲ"

“ငါးဖယ်ဆုပ်ကိုရဲယိုရွက်နဲ့ထုပ်ထားတာလေး"

Me & my housemaid Where stories live. Discover now