ထိုနေ့ညနေခင်းတွင်ကြည်သာယမုံ့ကိုသူဝယ်ထားတဲ့ကွန်ဒိုတိုက်ခန်းမှာနေရာချထားပေးခဲ့သည်။ယမုံ့ကိုတစ်ယောက်တည်းသီးသန့်ထားခဲ့ရရင်နောက်ဆံတင်းနေမယ်လို့ထင်မိခဲ့ ပေမဲ့အခုတော့စိတ်ထဲမှာဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလွှတ်ချလိုက်ရသလိုလွတ်လပ်ပေါ့ပါးနေသည်။
စိတ်ခံစားမှုကမနေ့ကနဲ့ဒီနေ့မတူဘဲပြောင်းလဲသွားတာဘာကြောင့်လဲသူမစဉ်းစားတတ်။သူအိမ်ပြန်ရောက်လာတော့သူ့ကားရပ်ရပ်ချင်းကားနားရောက်လာတဲ့လူကိုကြည့်ပြီးအံ့ဩမိရသည်။
“ဦးစိုင်းအွတ်…ခင်ဗျားကဒီကိုဘာလာလုပ်တာလဲ"
“သူဌေးကြီးကသူဌေးလေးရဲ့ကားဒရိုင်ဘာလုပ်ဖို့လွှတ်လိုက်တာပါ"
“ဘာဗျ"
“မနေ့ကအကိုလေးအိမ်ပြန်မလာလို့သူဌေးကြီးကစိတ်ပူနေပါတယ်။တစ်ယောက်တည်းကားလျှောက်မောင်းနေတာကိုစိတ်မချပါဘူးတဲ့။ဒါကြောင့်ကျွန်တော့်ကိုဒီအိမ်မှာနေဖို့လွှတ်လိုက်တာပါ"
ကြည်သာ့စိတ်ထဲမကြည်မသာဖြစ်သွားရသည်။နိုင်ငံခြားမှာပညာသင်ရင်းတစ်ယော
က်တည်းနေခဲ့တာရှစ်နှစ်။အမွှေးအတောင်စုံလို့မြန်မာပြည်ကိုပြန်လာမှပဲကလေးလိုအ
ထိန်းခံနေရပြီ။ဦးကြည်သာသောင်းစိတ်တို့ကတော့လုပ်ချလိုက်ပြန်ပြီ။တစ်ရက်လေးအိမ်ပြန်မအိပ်မိတာကိုဒါလောက်ကြီးကျတော့ချုပ်ချယ်လွန်းရာကျသည်။လွတ်လပ်ချင်လို့အိမ်ခွဲနေမိကာမှအိမ်မှာအချိန်ပြည့်စောင့်ကြည့်နေမဲ့ CCTV မျက်လုံးကတစ်စုံ။အလုပ်ကိုသွားရင်သွားလေရာပါမဲ့ CCTV မျက်လုံးကတစ်စုံ။
အား…မကျေနပ်လိုက်တာဦးသောင်းစိန်ရာ။
မကျေနပ်လို့အတွန့်တက်ရအောင်ကလည်းဦးကြည်သာသောင်းစိန်တို့ကဘူးဆိုဖရုံမသီးဘူး။အသက်(၂၈)နှစ်အရွယ်မှာမူကြိုကလေးလိုလိုက်ထိန်းခံနေရတာကတော့မဟုတ်သေးဘူးအဖေရေ့…*
*
နောက်တစ်နေ့မနက်
ကြည်သာအိမ်ပေါ်ကဆင်းလာသည်။လှေ
ကားရင်းရောက်တော့ဦးစိုင်းအွတ်မင်းလှအခန်းထဲကထွက်လာတာမြင်ပြီး-