လူသားတို့သည် သေဆုံးခါနီးအချိန်ရောက်လျှင် ဘဝတစ်လျှောက်လုံးစာအတွက် နောင်တများကိုစဥ်းစားမိတတ်ကြသည်။
ထိုစကားက အမှန်ဆိုတာကို စောဟန်မင်းမောင် အခုသိရှိသွားလေပြီ။
သူ၏အခွံခန္ဓာကိုယ်သည် ဆေးရုံခုတင်ပေါ်တွင် အသက်ရှူစက်များ၊ ဆေးပိုက်များတပ်ဆင်၍ လဲလျောင်းနေသည်။
စောဟန်မင်းမောင်သည် ဝိညာဥ်အနေဖြင့် သူ့ခန္ဓာကိုယ်သူ ကြည့်ရှူနေခြင်းဖြစ်သည်။ သူသည် အထက်တန်း
ကျောင်းသားဘဝတွင် ကားအက်စီးဒန့်တစ်ခါဖြစ်ဖူး၍ ယခုအခါကတော့ ဒုတိယအကြိမ် ကားအက်စီးဒန့်ဖြစ်ခြင်းပင်။ အရင်တစ်ခေါက်က သတိပြန်လည်လာပြီး အသက်အန္တရာယ်မရှိခဲ့ပေမဲ့ အခုတစ်ခေါက်မှာတော့ သူသည်ဒီတောင်ကို မကျော်နိုင်တော့ဟန်တူသည်။ကားအက်စီးဒန့်ကြောင့် ခွဲစိတ်ခန်းဝင်ရပြီး သတိလစ်မေ့မြောနေချိန်တွင် မင်းမောင်၏ဝိညာဥ်က မင်းမောင်ခန္ဓာကိုယ်နှင့် ကင်းကွာသွားသည်။ သူသည် လူတွေကိုမြင်နိုင်ပေမဲ့ လူတွေကသူ့ကိုမမြင်။ တရှုပ်ရှုပ်ငိုနေသော သူ့မိခင်၊ စိတ်မကောင်းကြီးစွာဖြင့် သူ့အနားလာစောင့်ပေးနေသော မန်နေဂျာတို့သည် ဝိညာဥ်ဖြစ်နေသော သူ့ကိုမမြင်ကြ။
မင်းမောင်သည် ခန္ဓာကိုယ်ထဲသို့ပြန်ဝင်ရန် အကြိမ်ကြိမ်ကြိုးစားကြည့်သည်။ သူထင်တာက သူဝင်နိုင်ခဲ့လျှင် ပြန်သတိရနိုးထလာမည်ဟူ၍။
မထင်မှတ်ဘဲ သူသည် သူ့အခန်းရှေ့မှာဆွေးနွေးနေကြသော တာဝန်ကျဆရာဝန်နှစ်ယောက်၏စကားကို ကြားလိုက်ရသည်။
ဆရာဝန်နှစ်ယောက်ကလည်း မင်းမောင်ရှိနေမှန်းမသိကြပေ။ မင်းမောင်ကိုသူတို့မမြင်နိုင်။
"မိသားစုဝင်တွေကတော့ လက်မခံနိုင်ကြဘူးဖြစ်နေတယ်...ဒါပေမဲ့ အခြေအနေမှန်ကိုတော့ ပြောပြရမှာပဲ...လူနာကcomaဝင်သွားတာ ပြန်နိုးလာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
"ကျွန်တော်တို့ပြောထားပါတယ်...သူ့မိသားစုတွေက စောင့်ချင်သေးတယ်တဲ့ ဒီတိုင်းလက်လွှတ်ဖို့မဖြစ်နိုင်ဘူးဆိုပြီး တင်းခံနေတယ်"
YOU ARE READING
SuperStar MinMaung in a Relationship with His Thaw
Fantasyချစ်ခြင်းတရားကသာလျှင် အချိန်ကာလကိုလွန်ဆန်ပြီး ကံကြမ္မာကိုအံတုပြောင်းလဲနိုင်စွမ်းတယ်။