Chapter (6)

415 48 7
                                    

မင်းမောင်နှင့်သော့်ကြားက အဖြစ်အပျက်များ အရာအားလုံးက အမှတ်တရများဖြစ်လာသည်။

အခုချိန်တွင် စောဟန်မင်းမောင်အတွက် မျှော်လင့်ချက်ဟူ၍ မရှိပေ။ နောက်ဆုံးထွက်သက်အချိန်ထိ ထိုအမှတ်တရများကို တမ်းတရင်း ဒီလောက ကနေထွက်ခွာရုံသာ ရှိသည်။

စောဟန်မင်းမောင်သည် ကိုယ့်အခန်းကိုယ်ပြန်ဖို့ လုပ်လိုက်သည်။ ဆေးရုံတွင် သူ့လိုလေလွင့်ဝိညာဥ်များစွာကို တွေ့ရသည်။ ကမ္ဘာပေါ်တွင် သူ့လိုမျိုးမျှော်လင့်ချက်မဲ့သူတွေ ဘယ်လောက်များများရှိနေလောက်မလဲ။

စောဟန်မင်းမောင်သည် ဆေးရုံကော်ရစ်ဒါကို ဖြတ်ကာအခန်းကိုပြန်သည်။ ပြင်ပလျှောက်လှမ်းဖြစ်တာမို့ တောက်ပသောနေရောင်သည် လျှောက်လမ်းတစ်လျှောက်ဖြာကျနေသည်။ မင်းမောင်ကတော့ ထိုပြင်ပရာသီဥတုအခြေအနေကို ကြည့်ကာခံစားချင်စိတ်မရှိပေ။ လူနာတချို့နှင့် လူနာရှင်များသည် ထိုလျှောက်လမ်းတွင်ရှိသော ထိုင်ခုံရှည်များပေါ်တွင်ထိုင်ကာ စကားစမြည်ပြောဆိုနေကြသည်။

တစ်ကိုယ်လုံးအနက်ရောင်ပြောင်ဝတ်ဆင်ထားသော လူတစ်ယောက်သည် ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီးဟန်ပါပါရပ်နေသည်။ ထိုလူက လျှောက်လမ်းပေါ်တွင်ပိတ်ရပ်ထားပြီး နေရောင်ကိုကျောပေးရပ်ထားသည်။ ထိုသူသည် ဝှီးချဲပေါ်ထိုင်နေသော အဘွားတစ်ယောက်နှင့် စကားပြောနေသည်။

မင်းမောင်လျှောက်လာရင်း အနားရောက်သောအခါ ထိုသူက မင်းမောင်ကိုလမ်းဖယ်ပေးလာသည်။

မင်းမောင်လည်း ခေါင်းငိုက်စိုက်ဖြင့်သာ ရှေ့ဆက်လျှောက်သွားလိုက်သည်။

ခြေလမ်းသုံးလမ်းလောက် လှမ်းပြီးတော့ တစ်စုံတစ်ခုကမှားနေမှန်း သူသတိထားမိသွားသည်။

ထိုသူက မင်းမောင်ကို မြင်ရတယ် !!

မင်းမောင်သည် အနောက်ကိုထပ်ပြီးလှည့်ကြည့်လိုက်သည်။ ထိုသူသည် လုံးဝကို ဝိညာဥ်မဟုတ်ပေ။ မင်းမောင်ကိုယ်တိုင်က ဝိညာဥ်ဘဝရောက်နေပြီး ဝိညာဥ်ပေါင်းများစွာကို တွေ့ဖူးတာမို့ သူသေချာခွဲခြားတတ်သည်။

SuperStar MinMaung in a Relationship with His ThawWhere stories live. Discover now