Chapter (3)

266 46 1
                                    

ဝိညာဥ်ငယ်လေး စောဟန်မင်းမောင်သည်  ဦးတည်ချက်မရှိ လွင့်မြောသွားသည်မှာ ဆေးရုံအပေါက်ဝကိုပင်ရောက်သွားသည်။ မင်းမောင်ဝိညာဥ်သည် ဤဆေးရုံဝန်းအပြင်သို့ မရောက်နိုင်ဟန်တူသည်။ ဆေးရုံဝန်းအတွင်းမှာသာ မြောလွင့်နေသည်။

ထို့အတူသူသည် နောင်တနှင့်အတူ အတိတ်ကိုလွမ်းဆွတ်မိနေသည်။

သူ့နောင်တက ထိုအတိတ်တွင်ရှိသည်။

သော်သျှန်းဝေကို အဝေးကနေငေးကြည့်နေရင်း သူသည် ပျော်ရွှင်ကြည်နူးရင်းဖြင့် အလွမ်းဟူသောဆုကိုပါ ပျော်ပျော်ကြီးခံစားခဲ့တာ အခုမှသာလျှင် နောင်တတို့ရလာလေတော့သည်။

သော်နဲ့ တွေ့ချင်တယ်။

အတိတ်ကိုပြန်သွားပြီး အမှားတွေပြင်ဆင်ချင်တယ်...သော့်အနားမှာ ခဏလေးဖြစ်ဖြစ်နေချင်တယ်။

အစပထမနေ့မှာပင် အရှိန်ပြင်းပြင်း ပေါ်ပေါ်ထင်ထင် ချဥ်းကပ်ခဲ့သော စောဟန်မင်းမောင်သည် သော်သျှန်းဝေ၏အချစ်ကို ပြန်မရခဲ့ပေ။

သူဟာ သော်၏အမြင်မှာ မျက်နှာပြောင်တိုက်နေသောသူသာ ဖြစ်ခဲ့သည်။ အဆုံးမယ်တော့ သူတို့တွေ တစ်ယောက်လမ်းကို တစ်ယောက်လျှောက်ရင်း ဝေးသွားခဲ့သည်။

ယခုမူ သော့်ကို ပြင်းပြင်းပြပြတွေ့ချင်စိတ်သာ ရှိသည်။ သူ့တွင် ရက်၃၀ဟူသော အချိန်ပဲရှိသည်။ သို့တစေ သူဘာမှမလုပ်နိုင်။ ဆေးရုံဝန်းထဲကနေတောင်မထွက်နိုင်သည့် သူလိုဝိညာဥ်လေးက သော်ရှိရာအရပ်ကို မသွားနိုင်။ စောဟန်မင်းမောင် သည်ယခုမှပင် ငရဲဆိုတာကိုသဘောပေါက်တော့သည်။ သူသည် အခုချိန်မှ နောင်တရနေလည်း မထူးတော့ပြီ။



စောဟန်မင်းမောင်ဆေးရုံပေါ်မေ့နေသည့်အချိန်တွင် ထက်မြက်အောင်တစ်ယောက်သာလျှင် သတင်းလာမေးသည်။ အထက်တန်းကျောင်းကနေ အခုထိဆက်ပြီးခင်မင်နေတာ ထက်မြက်အောင်နှင့် ညီအေးမင်း နှစ်ယောက်သာရှိသည်။ ညီအေးမင်းက အခု နိုင်ငံခြားမှာမို့ သူ့ဆီလာနိုင်မည်မထင်။

ထက်မြက်အောင်မျက်နှာက သူ့ကိုကြည့်ပြီးလည်း ဝမ်းနည်းနေပုံမပေါ်။ သူ့အမေနှင့်ပင် စီးပွားရေးကိစ္စများပင် ဆွေးနွေးနေသေးသည်။

SuperStar MinMaung in a Relationship with His ThawWhere stories live. Discover now