ဝူဟျွန်းတစ်ယောက် တစ်ကိုယ်လုံးချွေးတွေရွှဲနစ်ရင်း ထိတ်လန့်ခြောက်ခြားစွာနဲ့ နိုးလာခဲ့တယ်။
စိုစွတ်နေတဲ့ ပါးပြင်က ချွေးကြောင့်လား မျက်ရည်ကြောင့်လား ဝေခွဲမရ။ မြန်ဆန်နေတဲ့နှလုံးခုန်သံနဲ့ တုန်ရီနေတဲ့သူ့ခန္ဓာကိုယ်က အခုထိကြောက်လန့်နေသေးပုံ။
မျက်နှာပေါ်ကချွေးတွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း ဘေးဘယ်ညာကိုကြည့်လိုက်တော့ သူ့အိပ်ခန်းထဲမှာ။ ဘာတွေဖြစ်ကုန်တာလဲ။ သူ အိပ်မက်မက်ခဲ့တာလား။
မဖြစ်နိုင်ဘူး။
အိပ်မက်လို့ပြောဖို့အတွက် သူကြုံခဲ့ရတဲ့အဖြစ်အပျက်တွေက အရမ်းကိုလက်တွေ့ဆန်လွန်းတယ်။ သူနဲ့ သူ့မိသားစုရဲ့ သေဆုံးခြင်းကို ဝူဟျွန်း အခုထိရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။
အခန်းအပြင်ကိုထွက်လာတော့ ဆော့အိမ်တော်ကလူတိုင်း အလုပ်ရှုပ်နေကြတယ်။ အစေခံတချို့က ဝူဟျွန်းကိုတွေ့တော့ အရိုအသေပေးပြီး သူတို့လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လုပ်ကြတယ်။
"ကလေးလေး အခုထိမပြင်ဆင်သေးဘူးလား။ မွေးနေ့ရှင်က ညစ်ပတ်တူးလေးဖြစ်နေတယ်။ ကြည့်ပါဦး"
အစေခံတွေကိုညွှန်ကြားရင်း သူ့က်ိုတွေ့သွားကာ စသလိုပြောနေတဲ့ မေမေ့ကိုမြင်တော့ ဝူဟျွန်း အလိုလိုမျက်ရည်ကျလာခဲ့တယ်။
ဒီနေ့ သူ့မွေးနေ့ပဲ။ ဆော့အိမ်တော်ရဲ့ သခင်ငယ်လေး ဆော့ဝူဟျွန်းရဲ့ ၁၈နှစ်ပြည့်မွေးနေ့။ ဒါဆို သူက လွန်ခဲ့တဲ့ ၂နှစ်ကိုပြန်ရောက်လာတာလား။
"ဘာဖြစ်လို့ ငိုနေတာလဲ ကလေးလေး"
စိတ်ပူသလိုမေးရင်း အနားကိုရောက်လာတဲ့ မေမေ့ကိုဖက်ကာ ဝူဟျွန်းဆက်ငိုမိတယ်။ မေမေက အသက်ရှင်နေသေးတယ်။ သူ့မျက်စိရှေ့မှာတင် သေဆုံးသွားခဲ့တဲ့မေမေက အခု အသက်ရှင်နေသေးတယ်။
ဆော့အိမ်တော်ရဲ့ အသဲကြော်ပဲလှော်လေးဖြစ်တဲ့ ဝူဟျွန်းကငိုနေတော့ အစေခံတွေလည်းစိတ်ပူနေကြပုံ။ မေမေက သူမေးတာတွေလည်း ပြန်မဖြေနိုင်ပဲ ငိုပဲငိုတဲ့သူ့ကို ဆက်မမေးတော့ပဲ အငိုတိတ်ဖို့ချော့နေခဲ့တယ်။
သူလုပ်ခဲ့တဲ့အမှားတွေကို ပြင်ဆင်ဖို့ ဘုရားသခင်က နောက်တစ်ကြိမ် အခွင့်အရေးပေးတာလား။ ဒီတစ်ခါကော အမှားတွေမလုပ်မိပဲ သူနဲ့ သူ့မိသားစုကိုကာကွယ်နိုင်ပါ့မလား။ မဟုတ်ဘူး အခွင့်အရေးပေးလာမှတော့ သူသိပြီးသား အနာဂတ်ကို ကျိန်းသေပေါက် ပြောင်းလဲပစ်ရမယ်။
༊*·˚🪞⠈⠂⠄🩰 .ೃ࿐
Hello~
အဟောင်းတွေမပြီးသေးပဲ အသစ်လာတင်တာကတော့ ppusamz sexy dance challenge ရရင် fic အသစ်တင်ပေးပါမယ်ဆိုပြီး ကတိပေးထားမိလို့ပါ။ (တင်ပြီနော် ss တွေ ဖျက်လို့ရပြီ)
ဒါလေးက Omegaverse ပါ။ Alpha Omega သဘောတရားတွေကို နားမလည်တဲ့လူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ တင်လက်စတွေလည်းရှိတော့ update အလစ်တဲ 🤏🏻 ကြာမယ်နော်။
ဆော့အိမ်တော်ရဲ့ သခင်ငယ်လေးကိုလည်း ချစ်ပေးကြပါဦး 💕